ပရိသတ်တွေရဲ့ အချစ်တွေကိုပါ အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ တိုင်းရင်းသူမင်းသမီးချော သက်မွန်မြင့်ကတော့ ယောကျၤားလေးပရိသတ်တွေအပြင် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုပါ ရရှိထားသူလေးပါ..။

သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် အနေအေးပြီး ရိုးသားပွင့်လင်းတဲ့ အပြုအမူလေးတွေနဲ့ စကားပြောဟန်ပန်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေသလို ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်နော်..။

အားလုံးရဲ့ အသည်းကျော် ချစ်သက်လေးရဲ့ သမီးငယ်လေးဖြစ်တဲ့ လဝန်းမေလေးကလည်း ပရိသတ်တွေရဲ့ မျက်စိရှေ့မှာပဲ အသက်(၂)နှစ်ပြည့်သွားခဲ့ပါပြီနော်..။

ချစ်သက်လေးကတော့ ဒီဇင်ဘာ(၁၄)ရက်နေ့ကကျရောက်ခဲ့တဲ့ သမီးလေး လဝန်းမေ အတွက် မွေးနေ့ဆုတောင်းစကားလေးပြောပြီး မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ပေးခဲ့ပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း သမီးလေးအတွက် ဆုတွေလည်း တောင်းပေးထားပါသေးတယ်..။

"Happy Birthday မေမေ့ ချစ်ရဆုံး သမီးငယ်လေးရေးး

မေ့ဘဝကို ပြည့်စုံစေသော ရင့်ကျက်စေသော သမီးလေး

ဘဝမှာ အေးချမ်းမှုတွေနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းရပါစေနော်.." ဆိုပြီး ရင်နှစ်သည်းချာ သမီးလေးငယ်အတွက် မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ချစ်ခင်အားပေးနေကြတဲ့ ချစ်ပရိသတ်တွေကလည်း လဝန်းလေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo - ချစ်သက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။