ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ ပရိသတ်အချစ်တော်လေး တစ်ဦးပါပဲ..။

ပရိသတ်တွေရဲ့ အချစ်တော်လေး သူမကတော့ လတ်တလောမှာ ပုဂံကိုရောက်ရှိနေပြီး အိပ်မက်စုံရာကနေ လူသိများလာပြီးမိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်သားဂန်းနဲ့အတူ ရောက်ရှိနေတာ ဖြစ်ပါတယ်..။

ပုဂံမှာလျှောက်လည်ရင်း အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကို ဘေဘီလေးက ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး သားဂန်ကလည်း သူမရဲ့ လက်လေးမှာ ဆေးပန်းချီတွေ ဆွဲပေးခဲ့ပါသေးတယ်..။

ဘေဘီလေးရဲ့ လက်ကလေးမှာ သားဂန်းက ကိုယ်တိုင်ကိုယ်ကျ စိတ်ရှက်လက်ရှည်နဲ့ အနုစိပ်ဆေးပန်းချီဆွဲပေးနေတဲ့ သားဂန်းတို့ရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကိုဆွဲဆောင်မှုရှိရှိနဲ့ ကြည့်ကောင်းပြီး ပရိသတ်တွေကို သဘောကျစေပါတယ်နော်..။

"ပုဂံရောက်တုန်းလေး အမှတ်တရ ဆေးပန်းချီဆွဲနေတာ

ပုဂံရောက်ရင် ဒီကောင်လေးဆီမှာ ဆေးပန်းချီဆွဲလို့ ရပါတယ်ရှင့်

၁၅၀၀ ပဲ ကျတယ် တန်တယ်နော်.." ဆိုပြီး ဘေဘီမောင်က ချစ်စဖွယ်လေး ရေးသားပြီး ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ဘေဘီမောင်ကတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ချစ်သူကောင်လေးက သူမထက်ငယ်ပေမယ့် အမြဲဂရုစိုက်ပေးတဲ့အကြောင်းလေးတွေကိုလည်း အင်တာဗျူးတွေမှာ ပရိသတ်တွေကို ပြောပြထားတာလည်း တွေ့ရပါတယ်..။

Photo - ဘေဘီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။