မထက်ဆိုတာတော့ တစ်ခြားသူရဲ့ အလှတွေကို ဖန်းတီးပေးနေတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဆိုတာ ပရိတ်သတ်ကြီးလည်း သိမှာပါ။မထက်က ယောကျာ်းအဖြစ်ကနေ မိန်းမကို ပြောင်းလဲထားသူဖြစ်ပြီး မိန်းကလေးလိုပဲ ပြုမူပြောဆို နေထိုင်သူပဲ ဖြစ်ပါတယ်။မထက်က တစ်ခြားသူကိုလည်း လှအောင် ဖန်တီးပေးသလို သူကိုယ်တိုင်လည်း လှအောင်နေထိုင်သူပါ။

မထက်က မိန်းကလေးတွေ အရှုံးပေးရလောက်အောင် လှလှပပနဲ့ အမိုက်စား ပြင်ဆင်တတ်သူပါ။ပရိတ်သတ်တွေကတောင် ယောကျာ်းလေးကလေး မိန်းကလေးအဖြစ်ကို ပြောင်းထားတယ်ဆိုတာ မေ့သွားတဲ့ထိကို အရမ်းလှလွန်းမိန်းမဆန်လွန်းသူလေးပါ။မထက်က မိတ်ကပ်ပညာလည်း ကျွမ်းကျင်သူမို့ အနုပညာလောကထဲမှာဆို မထက်ကို မသိသူရှားပါတယ်။

မထက်က ဘယ်ပွဲကိုပဲ တက်တက် အလှဆုံး အမိုက်ဆုံးနဲ့ အထင်ပေါ်ဆုံးပါ။မနေ့ညကကျင်းပတဲ့ Shwe FM မှာလည်း လွန်ခဲ့တဲ့ ၆လကတည်းက မဝတ်ရသေးတဲ့ ဝတ်စုံလေးနဲ့ ပွဲကို တက်ခဲ့ပါတယ်။ပန်းရောင်လေးနဲ့ အရမ်းကို လှနေတဲ့ မထက်ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးက အားပေးလိုက်ဦးနော်။

Source:Htet Htet Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။