လင်းလက်တောက်ပတဲ့ ကြယ်ပွင့်တစ်ဦးအဖြစ် အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကို မသိတဲ့ ပရိတ်သတ်တွေ မရှိဘူးလို့ ထင်ပါတယ်။ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ရုံမက ပရိတ်သတ်တွေ အတွက် အကောင်းဆုံးကြိုးစားမှုတွေနဲ့ ပရိတ်သတ်တွေဆီမှာ အချစ်တွေအကုန်လုံးကို ပုံအပ်ထားတဲ့ ကစ်လေးကတော့ ပရိတ်သတ်တွေရဲ့ အသည်းကျော် မင်းသမီးလေး ဖြစ်လို့နေဆဲပါ။

လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျက်ရှိပြီး ပရိတ်သတ်တွေ အနေနဲ့ နောက်ထက် ဇာတ်လမ်းကောင်းတွေကို ထပ်မံ ကြည့်ရူခံစားရအုံးမှာပါ။ ယခုလက်ရှိမှာတော့ နာမည်ကြီး မင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် နေမင်း နဲ့ အတူ ရိုက်ကူးထားတဲ့ အချစ် ဒရမ်မာကားလေးဖြစ်တဲ့ ရန်သူရုပ်ရှင်ဇာတ်ကားကြီး ကို ဒီဇင်ဘာ ၁၄ရက်နေ့ကနေ စပြီး ရုပ်ရှင်ရုံများမှာ ကြည့်ရူနိုင်ပြီဖြစ်ပါတယ်။ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ ပရိတ်သတ်တွေနဲ့ တွေ့ဆုံပွဲ အတွက် မန္တလေးကို သွားခဲ့တဲ့ ကစ်လေးကတော့ ရောက်ရောက်ချင်းပဲ အံ့သြပျော်ရွှင်ခဲ့ရပါတယ်။

ကစ်လေး ကားပေါ်ကနေ ရုပ်ရုင်ရုံထဲထိ ကြိတ်ကြိတ်ထိုးစည်းကားစွာနဲ့ ကစ်အလာကို စောင့်ဆိုင်းနေကြတဲ့ မန္တလေး ပရိတ်သတ်တွေကို ကြည့်ပြီး ပီတိတွေဖြာခဲ့ရပါတယ်။ ရွှေကစ်လေးရဲ့ လက်မှတ်ကို ရဖို့ အကြိတ်အနှယ် တိုးနေကြတဲ့ ပရိတ်သတ်ကြီးကို ကြည့်ပြီး ရွှေကစ်လေးရဲ့ မျက်နှာ အပြုံးပန်းတွေ ဝေခဲ့ပါတယ်။ ရွှေကစ်လေးရဲ့ ပရိတ်သတ်တွေ အတွက် သူမ ပရိတ်သတ်တွေနဲ့အတူ ပျော်ရွှင်စွာ ဓာတ်ပုံရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ရပါတယ်။ လက်ရှိမှာတော့ မန္တလေးမြို့မှာပဲ " လင်္ကာဒီပချစ်သူ " ပြဇာတ်ကို နာမည်ကြီး အနုပညာရှင်မောင်နှမတွေနဲ့ အတူ ကပြဖျော်ဖြေလျက်ရှိပါတယ် ပရိတ်သတ်ကြီးရေ...။

Source:Wutty Mone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။