ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးမှာ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့တဲ့ အိမ်စည်ကတော့ မြန်မာနိုင်ငံက ပရိတ်သတ်တွေ အတွက် Crown ယူဆောင်မလာပေးနိုင်ခဲ့ပေမဲ့ top 25 အဆင့်ထိ ရောက်ရှိခဲ့တဲ့ အလှမယ် တစ်ဦးဖြစ်ပါတယ်။ အိမ်စည်သွားရောက် ယှဉ်ပြိုင်စဉ်အတွင်းမှာလည်း မြန်မာပရိတ်သတ်တွေရဲ့ အားပေးမှုတွေက ကြောက်ခမန်းလိလိ များပြားခဲ့တာကို နိုင်ငံတကာမှာ မျက်နှာပွင့်ခဲ့ရသူလေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုပြန်မရောက်ခင်မှာတင် အိမ်စည်နဲ့ ပတ်သတ်တဲ့ မဟုတ်မမှန်သတင်းတွေ ထွက်ရှိခဲ့ပြီး Final ပြိုင်ပွဲကြီးရဲ့ live ကြည့်ရူခွင့်ကိုပါ မြန်မာနိုင်ငံက အပိတ်ခံခဲ့ရတာဖြစ်ပါတယ်။ အိမ်စည်ကတော့ ဘယ်လောက်ပဲ အတိုက်အခံတွေ ရှိရှိအကောင်းဆုံးကြိုးစားခဲ့တာကိုလည်း ပရိတ်သတ်တွေ မျက်မြင် ကိုယ်တွေ့ဖြစ်ပါလိမ့်မယ်။ ယခု မြန်မာနိုင်ငံကို ပြန်ရောက်နေပြီဖြစ်တဲ့ အိမ်စည်က သူမအပေါ် တိုက်ခိုက်မှုတွေနဲ့ ပတ်ပြီး အထူးတလည် ဖြေရှင်းမနေပါဘူး သူမလုပ်စရာရှိတဲ့ အလုပ်ကိုသာအာရုံစိုက်ပြီး အနုပညာလမ်းကြောင်းမှာ ဆက်လက်လျှောက်လှမ်းလျက်ရှိပါတယ်။

လတ်တလောမှာတော့ အိမ်စည်က ချစ်စရာပုံလေးတွေကို တင်ပြီး " အလုပ်ကလွဲပြီး တခြားခေါင်းထဲမှာ မရှိလို့ " အလုပ်တွေပဲ ဖိလုပ်နေကတာကောင်းပါတယ်ဆိုပြီးပြောထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ လူတိုင်းမရောက်နိုင်တဲ့ နေရာတစ်ခုကို အိမ်စည်က အရောက်သွားနိုင်ခဲ့လို့ ပရိတ်သတ်တွေကတော့ အိမ်စည်အပေါ် ယခုချိန်ထိ အချစ်တွေ ဆက်လက်တည်မြဲနေဆဲပါပဲ။ ပရိတ်သတ်ကြီး အတွက် အိမ်စည်ရယ် အပြုံးပန်းလေးတွေ ဝေနေတဲ့ အိမ်စည်ရဲ့ ချစ်စရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်နော်။

Source:Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။