နေခြည်ဦးကတော့ Beauty Blogger ဖြစ်ပြီး ယခုမှာ သရုပ်ဆောင်အဖြစ်ပါ ပါဝင်သရုပ်ဆောင်ထားရာ ယခုမှာတော့ ချစ်ပရိသတ်တွေရဲ့အားပေးမှု ရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချီချီရဲ့ သွက်လက်ဖျက်လက်တဲ့ပုံစံလေးတွေ စကားပြောသွက်သွက်လက်လက်လေး ရှိပုံလေးတွေက ချစ်ပရိသတ်တွေကိုအချစ်တွေ ပိုစေခဲ့ပါတယ်။ 

ယနေ့မှာတော့ ချီချီတစ်ယောက် exရဲ့ ဆိုင်ဖွင့်ပွဲလေးကို တတ်ရောက်ခဲ့ပြီး ရန်ကုန်မှာဆိုင်ထပ်ဖွင့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နေခြည်ဦးကတော့ " နင့်အတွက် အရမ်း ဂုဏ်ယူတယ်ဘာမှ ပြောစရာမရှိအောင် ပြည့်စုံပါတယ်။

(Especially foooooooood and shisha)ရန်ကုန်မှာလည်း ဒီလို တစ်ဆိုင်လောက်လာဖွင့်စမ်းပါဟာ!! " ဆိုပြီးလူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

နေခြည်ဦးကတော့ သူရဲ့ ရုပ်ရှင်ကားဖြစ်တဲ့ ရန်သူရုပ်ရှင် ဇာတ်ကားအတွက် ချစ်ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ မန္တလေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် နေခြည်ဦးတစ်ယောက် exရဲ့ ဆိုင်ဖွင့်ပွဲကိုတတ်ရောက်ခဲ့တဲ့ ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

source: naychioo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။