ပရိသတ်ကြီးတွေရဲ့ အချစ်တွေကို သိမ်းပိုက်စိုးမိုးထားတဲ့ ပြည်သူ့အသည်းကျော်လေးတွေထဲမှာ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေးတွေဖြစ်ကြတဲ့ နန်းဆုရတီစိုးနဲ့ စိုးပြည့်သဇင်တို့ကတော့ ထိပ်ဆုံးကနေ ရပ်တည်နေတာမို့ ရှေ့ပြေးလေးတွေလို့ ဆိုရမှာပါပဲနော်..။

ပြည်သူ့ပရိသတ်တွေရဲ့ အသည်းကျော်လေး နှစ်ယောက်ကတော့ Shwe FM ရဲ့ အခမ်းအနားပွဲလေးကိုလည်း ချစ်စရာကောင်းစွာ တက်ရောက်လာခဲ့ကြတာ တွေ့ရပါတယ်..။

အချစ်တော်နှစ်ယောက်ကတော့ ဒီဇင်ဘာ(၁၄)ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Shwe FM ရဲ့ (၉)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပွဲလေးကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာပဲ ဖြစ်ပါတယ်..။

မြင်သူတကာ ငေးရလောက်အောင် အလှပဆုံးနဲ့ ကျော့ရှင်းတောက်ပစွာ ပွဲတက်လာတဲ့ အချစ်တော်လေး သူမတို့နှစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေအားလုံးကလည်း သဘောကျအချစ်ပိုနေကြတာလည်း တွေ့ရပါတယ်နော်..။

အားလုံးက ငေးမောရလောက်အောင် လှပကျော့ရှင်းနေကြတဲ့ စိုးပြည့်နဲ့ နန်းဆုလေးတို့နှစ်ယောက်ကတော့ နတ်မိမယ်လေးတွေအလား ထင်မှားရလောက်အောင် ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ အားလုံးရဲ့အသည်းတွေကို ကြွေဆင်းအောင် ညို့ယူနိုင်ခဲ့တဲ့ နန်းဆုနဲ့ စိုးပြည့်လေးတို့ရဲ့အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်..။

Photo - စိုးပြည့်၊ နန်းဆု 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။