မဘသခေါင်းဆောင် ဆရာတော် ဦးဝီရသူ တရားဟောခွင့် ၁ နှစ်အပိတ်ခံရသဖြင့် ပါးစပ်တွင် တိပ်ဖြင့်ကပ်ကာ တရားပွဲကျင်းပ

ဆရာတော် ဦးဝီရသူသည် ၎င်းအား တစ်နိုင်ငံလုံးတွင်း တရားမဟောရန် တရားဟောခွင့် (၁) နှစ် ပိတ်ပင်ခံလိုက်ရသည်။

နောက်တစ်နေ့ မတ်လ ၁၁ ရက်နေ့ ညတွင် ဧရာဝတီတိုင်းဒေသ ကြီး အိမ်မဲမြို့နယ် သီးကွင်းကျေးရွာတွင် ဝစီပိတ် တရားဟောပွဲအဖြစ်

ပါးစပ်တွင် တိပ်ဖြင့်ကပ်ကာ တရားပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဆရာတော် ဦးဝီရသူအား ယခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်ကာ ၂၀၁၈ မတ်လ ၉ ရက်နေ့အထိ တစ်နှစ်တိတိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်

တရားဟောခွင့် ပိတ်ပင်လိုက် ကြောင်း နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။