ပရိတ်သတ်ကြီးရေ... ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေ နေ့စဉ်တွဲဖက်စားသုံးနေတဲ့ အစားအစာတွေထဲမှာမှ တွဲဖက်စားသုံးမသင့်တဲ့ အစားအစာတွေ ရှိတယ်ဆိုတာ ပရိတ်သတ်တွေသိကြမှာပါ။ တစ်ချို့အစားအစာ တွေဆိုရင် လူရဲ့ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်တာမို့ ကျန်းမာရေးဌာနက တွဲဖက် မစားသုံးဖို့အတွက် ပြင်းထန်စွာပြဌာဒါန်းတာကိုလည်း သိကြပါလိမ့်မယ်။ ဒီနေ့မျှဝေပေးသွားမယ့် အကြောင်းအရာလေးက ပရိတ်သတ်တွေလုံးဝမသိသေးတဲ့ နောက်ထပ်တွဲဖက်မစားသင့်တဲ့ အစားအစာ (၆)မျိုး အကြောင်းကို ပရိတ်သတ်တွေ အတွက် အသေးစိတ်ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) ငှက်ပျောသီးနဲ့ နွားနို့

ဟုတ်ကော ဟုတ်ရဲ့လားလို့ စာရေးသူကိုယ်တိုင်တောင်ပြန်မေးမိပါတယ်...။ ပုံမှန်အားဖြစ်ဆိုရင်တော့ ငှက်ပျောသီးနဲ့ နွားနို့က တွဲဖက်ပြီး Mixed Shake ပုံစံပြုလုပ်သောက်သုံးကြာတာတောင် ပရိတ်သတ်တွေ မြင်တွေ့ရမှာပါ။ တကယ်တော့ ငှက်ပျောသီးနဲ့ နွားနို့က တွဲဖက်မစားသုံးသင့်တဲ့ အစားအစာထဲမှာပါပါတယ်။ တွဲစားခဲ့မယ်ဆိုရင် အစာခြေစနစ်ကို နှေးကွေးစေပြီး အိပ်ရေးပျက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

(၂) နာနတ်သီးနဲ့ နို့ထွက်ပစ္စည်း

နာနတ်သီးနဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ များသောအားဖြင့် နွားနို့နဲ့ ရောပြီး စားသုံးခဲ့မယ်ဆိုရင် အစာခြေမှုကို ခက်ခဲစေပြီး မူးမောခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။



(၃) အသားနဲ့ အာလူး

ပုံမှန်အားဖြစ် မြန်မာနိုင်ငံမှာတော့ တော်တော်များများက အသားနဲ့အာလူးကို တွဲပြီး ချက်စားလေ့ရှိပါတယ်။ ဒါပေမဲ့ ကစီဓာတ်များတဲ့ အာလူးနဲ့ တွဲဖက်စားသုံးတဲ့အခါ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသားနဲ့အာလူးချည်းပဲ မဟုတ်ပဲ အသီးအရွက်တစ်မျိုးမျိုးနဲ့ ရောပြီးချက်စားမယ်ဆိုရင်တော့ အစာမကြေတာကို မဖြစ်ပွားစေနိုင်ပါဘူး။

(၄) ခရမ်းချည်သီးနဲ့ သခွားသီး

ခရမ်းချည်သီးနဲ့ သခွားသီးကတော့ တွဲစားတာမျိုးတော့ မမြင်ဘူးပါဘူး။ သူတို့ နှစ်ခုကို တွဲမစားသင့်တဲ့ အကြောင်းကတော့ နှစ်ခုလုံးက မတူညီတဲ့ အစာကြေစနစ်ပုံစံကို လိုအပ်တာကြောင့် တွဲဖက်မစားပေးတာအကောင်းဆုံးပါပဲ။ အကယ်၍စားခဲ့မယ့်ဆိုရင်လည်း အခြား အသီးအရွက်တွေနဲ့ပါ ပေါင်းပြီး တွဲဖက်စားသင့်ပါတယ်နော်။

(၅) မြေပဲ၊သီဟိုစေ့ နဲ့ အရက်

မြန်မာနိုင်ငံမှာဆိုရင်တော့ အရက်နဲ့ မြေပဲလှော်လေးက အရမ်းကို လိုက်ဖက်ချင်လိုက်ဖက်မှာပါ။ ဒါပေမဲ့ မြေပဲက ရေဓာတ်ကို မြန်မြန်ခမ်းခြောက်စေတာကြောင့် အရက်တွေကို ပိုသောက်မိပါလိမ့်မယ်။ ဒါ့ပြင် အရက်နဲ့ မြေပဲကိုတွဲဖက်စားသုံးမယ်ဆိုရင် ကိုလက်စရောကို အမြင့်ဆုံးရောက်သွားစေနိုင်လို့ ကျန်းမာရေးအတွက်လုံးဝကို မညီညွတ်ပါဘူး။

(၆) ဝက်သားနဲ့ ကြက်ဥ

ဝက်သားနဲ့ ကြက်ဥ နှစ်မျိုးစလုံးမှာ အသားဓာတ်တွေ များစွာပါဝင်တာကြောင့် တူတူတွဲစားခဲ့မယ်ဆိုရင် အစာခြေဖို့ အတွက် ခက်ခဲ သွားပါလိမ့်မယ်။ နှစ်ခုကို (၁၀) မိနစ်လောက်ခြားပြီးစားပေးရင်တော့ ဥပါဒ်မဖြစ်စေပါဘူးနော်။

လူတိုင်းမှာ မတူညီတဲ့ ခန္ဓာကိုယ်တွေရှိတာကြောင့် အာဟာ၇ဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းတွေလည်း မတူကြပါဘူး..။ ယနေ့ပြောပြတဲ့ အကြောင်းအရာလေးက ပရိတ်သတ်တွေအတွက်လည်း ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

Source:fitnesscafe.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။