မြန်မာ့ပညာရေးအတွက်ကျေးလက်ဒေသတွေကို ကိုယ်တိုင်သွားရောက်သင်ကြားမှုပြုလုပ်နေကြရတဲ့ အခြေခံပညာကျောင်းဆရာမတစ်ဦးရဲ့ အဖြစ်အပျက်တစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ကန့်ဘလူခရိုင် မြေမွန်စိုက်ကွင်း ကွင်းအမှတ်(36) အ.လ.က စိုက်ကွင်းကျောင်းတွင်တာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စိုးစိုး၏ ဆိုးဆိုးရွားရွားရိုက်နှက်ခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ 

၎င်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး "14.12.2018ရက်နေ့တွင် ကျောင်းအုပ်ကြီးဒေါ်ခင်စိုးစိုးမှာ ကျောင်းရုံးခန်းအတွင်း တာဝန်ထမ်းဆောင်နေချိန် ၎င်းကျောင်းမှကျောင်ဆရာမဒေါ်တင်မျိုးမြင့်၏ယောင်္ကျားဖြစ်သူမောင်သက်ဦး

(မှတ်ချက်ယခင်မိန်းမကြီးရှိ ကလေး၃ယောက်နှင့်)ဆိုသူရောက်ရှိလာပြီး

ကျောင်းအုပ်ဆရာမကြီးအား သတ္တိရှိရင်ထွက်ခဲ့ ရိုက်သတ်ပစ်မည်ဟု

လူမိုက်စကားဆိုခါ စိန်ခေါ်ခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီး

ဒေါ်ခင်စိုးစိုးမှာ ကြောက်အားကြီးစွာဖြင့် ကန့်ဘလူ ပညာရေးဌာနသို့

ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ပြီး ပညာရေးဌာနမှ

ရဲစခန်းသို့တိုင်တန်းရန် အကျံပြုခဲ့ပါတယ်။ ဆရာမကြီးလည်း ရဲစခန်း

သွားရန်အတွက် ကျောင်းလုပ်သားလေးအား ဆိုင်ကယ်သွားယူရန်

စေခိုင်းခဲ့ပါသည် လုပ်သားလေးဆိုင်ကယ်သွာယူချိန်တွင် ရုံးခန်းအတွင်း

ဆရာမကြီးတစ်ယောက်သာကျန်ခဲ့ပါသည် ထိုအချိန်တွင်

မောင်သက်ဦးမှာ၎င်း၏ နောက်အိမ်ထောင်ဖြစ်သူ ဆရာမဒေါ်

တင်မျိုးမြင့်အားခေါ်ဆောင်လာခါအရှည်တစ်လန်လုံးပတ်2လက်မခန့်

ရှိသောဝါးရင်းတုတ်ဖြင့် လင်မယားနှစ်ယောက်ပူးပေါင်းခါ ကျောင်းအုပ်

ဆရာမကြီးဒေါ်ခင်စိုးစိုးအား ဝိုင်းရိုက်နှက်ခဲ့ကြောင်းသိရပါတယ်။ ဆရာမကြီးမှာ အတင်းရုန်းကန်၍ ရုံးခန်းအပြင်သို့ထွက်ပြေးရာ နောက်မှအတင်းလိုက်ရိုက်သဖြင့် ကျောင်းဆောင်နှစ်ဆောင်ကြားတွင် လဲကျသွားရာ အခြားအခန်းမှစာသင်ကြားနေသောဆရာ/မများကျောင်းသား

/သူများ အခန်းအတွင်းမှထွက်လာမှသာဆက်မရိုက်တော့ဘဲ

ထွက်ပြေးသွားသည်" ဟူပြောပြခဲ့ပါတယ်။ 

အဆိုပါ ရိုက်နှက်ခံရမူကြောင့် လက်ရှိဆရာမကြီးကတော့ ခန္ဓာကိုယ်အနှံတွင် သွေးချင်းချင်းနီ ဒဏ်ရာဗလပွနှင့်စုတ်ပျက်သွားပြီး ဇီးကုန်းဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုသမူခံယူနေရကြောင်း သိရပါတယ်။ ဆရာမကြီးမှာဦးခေါင်းတွင်အချက်30ခန့်ချုပ်ရပြီး ဘယ်ညာကျောပြင်ညိုမဲပေါက်ပြဲဒဏ်ရာလက်ချောင်းများပေါက်ပြဲဒဏ်ရာအသီးသီးတို့ရရှိခဲ့ပြီး ကံကောင်း၍သာအသက်ဘေးမှလွှတ်မြှောက်ခဲ့တာပဲဖြစ်ပါတယ်။ ရိုက်နှက်သွားတဲ့ သူနှစ်ဦးကို ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။

pHOTOS - မောင်ပြည်စိုး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။