လွန်ခဲ့တဲ့ ၁၅နှစ်က မင်္ဂလာဆောင်ဝတ်စုံကို ပြန်တော်အောင် ၈လအတွင်း ဝိတ်ချနိုင်ခဲ့သူ

အသာက်၃၅ နှစ်ရှိပြီဖြစ်တဲ့ ကလေးသုံးယောက်အမေ Lauren Kertland က၈လခွဲအတွင်း ၃၅ ကီလိုဂရမ်ကျအောင် ဝိတ်ချနိုင်ခဲ့ပါတယ်။ သူမကနေ့လည်စာကို ကြက်တော်ပံကြော်အမြဲ စားပြီး တဖြည်းဖြည်းနဲ့ ကျန်းမာရေးမကောင်းဖြစ်လာပါတယ်။ သူမအမသေဆုံးမှုကလည်း အဝလွန်မှုကနေ ဝိတ်လျှော့ဖို့ အကြောင်းရင်းဖြစ်လာပါတယ်။

အဝလွန်မှုကြောင့် plantar fasciitis ဆိုတဲ့ ရောဂါဖြစ်ပြီး အဲ့ရောဂါကြောင့် လမ်းလျှောက်ရင်ဘဲဖြစ်ဖြစ် အိပ်ရာကထရင်ဘဲဖြစ်ဖြစ် အပြင်းအထန်နာကျင်မှုခံစားရပါတယ်။ တစ်ရေးနိုးလို့ အိမ်သာသွားချင်ရင်တောင် ခက်ခဲလို့ ငိုချင်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

ဆရာဝန်ကလည်း သွေးပေါင်ချိန်မြင့်တက်မှုကို သတိပေးခဲ့ပြီး ကျန်းမာရေးသာမက ကိုယ့်ကိုကိုယ်လည်း သိမ်ငယ်ခဲ့ပါတယ်။ အဝတ်အစားတွေလည်း ဝယ်လို့အဆင်မပြေဖြစ်ခဲ့ပါတယ်။ ၈လခွဲကြာအောင် ဝိတ်လျှော့ဖို့ ကြိုးစားခဲ့ပြီး Lauren ဝိတ်ချဖို့ စားခဲ့တာတွေကတော့ မနက်စာကို အသီး နေ့လည်စာဆို Sandwich ဒါမှမဟုတ် တူနာနဲ့ အရွက်စားပြီး ညနေစာကို အသီးအရွက် ဒါမှမဟုတ် ကြက်သားစွပ်ပြုတ်ဘဲစား လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်လျှော့ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။