မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း၊ မုံရွာလမ်းရှိ ဆွေညီနောင်စတိုးဆိုင်တွင် အလုပ်သမားအဖြစ်လုပ်ကိုင်နေသော ကလေးငယ် ၂ ဦးအား ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်၊ (၄၀)နှစ်မှ ညှင်းပန်းနှိပ်စက်နေကြောင်း

သတင်းအရ အမှတ်(၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှရဲတပ်ဖွဲ့ဝင်များ၊ မင်္ဂလာဒုံမြို့နယ်၊အောင်မင်္ဂလာအဝေးပြေးဝင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် အောင်မင်္ဂလာအဝေးပြေးဝင်း အုပ်ချုပ်ရေး

အဖွဲ့မှ တာဝန်ရှိသူများက မတ်လ ၁၃ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် အဆိုပါဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းစတိုးဆိုင်တွင်လာရောက်လုပ်ကိုင်သူများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နေ

မထက်ထက်ဇော်၊ (၁၂)နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် နေ မမေသဇင်၊(၁၀)နှစ်တို့ ၂ ဦးအားတွေ့ရှိရပြီး ၎င်းတို့၏ခန္ဓာကိုယ်အနှံ့တွင် ဖူးရောင်၊ ညိုမဲပွန်းပဲ့နာကျင်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပါသည်။

..

ပူးပေါင်းအဖွဲ့မှ ၎င်းဒဏ်ရာများအားအသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ရာ မထက်ထက်ဇော်တွင် နဖူးဖူးရောင်ညိုမဲဒဏ်ရာ၊ ၀ဲ/ယာမျက်လုံးညိုမဲဒဏ်ရာ၊ ၀ဲလက်ဖျံဖူးရောင်ပေါက်ပြဲဒဏ်ရာ(၃)ချက်၊ ၀ဲခြေသလုံးပေါက်ပြဲဒဏ်ရာ(၁)ချက်၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ(၁၄)ချက်၊ ယာခြေသလုံး

ဖူးရောင်ညိုမဲဒဏ်ရာ(၂)ချက်နှင့် မမေသဇင်တွင် ၀ဲ/ယာမျက်လုံးဖူးရောင် ညိုမဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ဖူးရောင်ညိုမဲဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ

ဖူးရောင်ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ ၀ဲ/ယာပါး ဖူးရောင်ညိုမဲဒဏ်ရာ၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ(၁)ချက်တို့ ရရှိထားသည်ကိုတွေ့ရှိသဖြင့် ၎င်းကလေးငယ်(၂)ဦးအားမေးမြန်းရာ စတိုးဆိုင်ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်မှ

သံတုတ်နှင့်ရိုက်ခြင်း၊ ခါးပတ်နှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ သံချောင်းအားမီးဖုတ်၍ ခန္ဓာကိုယ်အနှံ့သို့ တို့ခြင်းတို့ကြောင့် ရရှိခဲ့သောဒဏ်ရာများဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။

..

ယင်းသို့ ကလေးငယ်(၂)ဦးအား ဒဏ်ရာများရရှိအောင် ညှင်းပန်းနှိပ်စက်သူမဖြူဖြူထွန်း(ခ)ဒေါ်ငယ်အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် (ပ)၃၁၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၂၅/၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကူန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်

ငြိစွန်းမှုရှိ/မရှိ အမှတ်(၆)လူကူန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

..

Source : Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။