စပိန်နိုင်ငံ မက်ဒရစ် တိရစ္ဆာန်ရုံထဲက ရေသတ္တဝါပြတိုက်မှာတော့ ဒီဇင်လာလ ၁၈ရက်နေ့က ရေအောက်သရုပ်ဖော်ပြသမှုတွေ များစွာပြုလုပ်ခဲ့ကြပါတယ်။

၎င်းသရုပ်ဖော်ပြသမှုတွေထဲမှာမှ ရေုပ်သမားနှစ်ဦးဟာ ငါးမန်းတွေနဲ့ အတူ ရေအောက်မှာ သရုပ်ဖော်ပြသနေတဲ့ ပြကွက်တွေက လူအများကို စိတ်ဝင်စားမှုတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၎င်းပြတိုက်အတွက်း လာရောက်လည်ပတ်သူတွေကိုလည်း ခရစ္စမတ်အကြို ရင်ခုန်စွာနဲ့ ကြည့်နေရတဲ့ ခံစားမှုမျိုးကိုပေးစွမ်းနိုင်ခဲ့ပါတယ်။

အခုလို လူအများကို စိတ်ဝင်စားစေခဲ့တဲ့ ပြကွက်တော့ ဂျီးဇက် (Jesus) ရယ်၊ မယ်တော်မာရီရယ်၊ ဂျိုးဆက်(ဖ်) နဲ့ ပညာရှိသုံးယောက်တို့ကို ဦးစားပေး ပုံဖော်ထားတဲ့ ရေအောက်ဖွားတော်မူခန်း ပြကွက်ပဲဖြစ်ပါတယ်။

အခုလိုပြကွက်မျိုးကိုတော့ တိရိစ္ဆာန်ရုံတာဝန်ရှိသူတွေဟာ ခရစ္စမတ်ရာသီတိုင်း ပြုလုပ်လေ့ရှိကြပြီး ဒါဟာ သူတို့တိရိစ္ဆာန်ရံကို လာရောက်လည်ပတ်သူတွေအတွက် စိတ်ဝင်စားစရာ အစီအစဉ်ကောင်းတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။ 

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။