ယခုတစ်ခါက်မှာတော့ အချိုပွဲတွေလုပ်ရင် မပါမဖြစ်တဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ Baking Soda လို့ ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါကတော့ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်မှာ အမြဲရှိတတ်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို အစားအသောက်အတွက်မှာသာမက ပျိုမေတို့ရဲ့ အလှအပ အတွက်ပါ အလွန်ကို အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ယနေ့ ပရိသတ်တွေကို ဝေမျှပေးသွားမှာကတော့ အိမ်မှာနေရင်း မုန့်ဖုတ်ဆိုဒါကို အသုံပြုပြီး ဘယ်လိုအသားအရေကို ထိန်းသိမ်းနိုင်လည်းဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။



(၁) ကြည်လင်တဲ့ အသားအရေ

ကြည်လင်တဲ့ အသားအရေ ရှိသူတွေက ဘယ်ချိန်ပဲ ကြည့်ကြည့် ငယ်ရွယ်ပြီး နုပျိုတဲ့ အသွင်သဏ္ဍာန်ကို ပိုင်ဆိုင်ကြပါတယ်။ ထိုအသားအရေမျိုးကလည်း လွယ်လွယ်ကူကူူနဲ့ ပိုင်ဆိုင်နိုင်တဲ့ အသားအရေမျိုးမဟုတ်ပါဘူး။ မုန့်ဖုတ်ဆိုဒါမှာ ဆိုရင် အသားအရေကို ကြည်လင်ဝင်းပစေတဲ့ Collagen ဓာတ်ကို တိုးစေပြီး အရေပြားပေါ်က ဆဲလ်အသေတွေကို လည်း ဖယ်ရှားပေးနိုင်တာကြောင့် မိန်းကလေးတွေ အများစုလိုချင်တဲ့ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အသုံးပြုပုံ

- မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို လိမ္မော်ရည် အနည်းငယ်နဲ့ ရောပြီး ရလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်း နေရာတွေကို အနှံလိမ်းပေးရပါမယ်။ ၁၅ မိနစ်လောက် အခြောက်ခံပြီးတဲ့နောက်မှာ နူးညံတဲ့ ဂွမ်းစလေးနဲ့ မျက်နှာပေါ်က ရေတွေကို သုတ်ပေးရပါမယ်။ အဆိုပါနည်းလေးကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးမယ်ဆိုရင် ပျိုမေလေးတို့လိုချင်တဲ့ ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၂) ဝက်ခြံ

မုန့်ဖုတ်ဆိုဒါမှာပါဝင်တဲ့ mild exfoliating လို့ခေါ်တဲ့ မျက်နှာမှာဖြစ်ပေါ်စေတဲ့ ဝက်ခြံတွေကို အမာရွတ်ပါမကျန်အောင် ဖြေရှင်းပေးနိုင်တဲ့ အစွမ်းတစ်မျိုးပါဝင်ပါတယ်။ ဝက်ခြံဖြစ်တဲ့ အခါ အခြား Chemical ပါဝင်တဲ့ ပစ္စည်းတွေက မျက်နှာ အသားအရေကို အန္တာရာယ် ဖြစ်စေနိုင်ပေမဲ့ မုန့်ဖုတ်ဆိုဒါကတော့ ဘေးဥပါဒ်မရှိတဲ့ အပြင် မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံကို ဖြစ်ပေါ်စေတတ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ပါ သေစေနိုင်တာကြောင့် တကယ်ကို အသုံးဝင်မယ်လို့ ထင်ပါတယ်။

အသုံးပြုပုံ

- မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို ယူပြီး ပမာဏတူတဲ့ ရေအချိုးအစားနဲ့ ရောလိုက်ပါ။ ပြီးရင်တော့ မျက်နှာ်သစ်ပြီး အဆိုပါ မုန့်ဖုတ်ဆိုဒါအရည်ကို ဝက်ခြံရှိတဲ့ နေရာတွေကို တိုက်ရိုက် လိမ်းပေးပါ။ ၃ မိနစ် ၄မိနစ်လောက်နေရင် မျက်နှာကို ရေကျက်အေးလေးနဲ့ ဆေးပေးပါ။ ထိုအခါ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကျယ်လာတတ်ပါတယ်။ ဒါကြောင့် ရေကျက်အေးလေးနဲ့ သစ်ပြီးရင်တော့ မျက်နှာကို ရေခဲအသန့်လေးနဲ့ ပြန်ကပ်ပေးသင့်ပါတယ်။ ဒီနည်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ မျက်နှာမှာရှိတဲ့ ဝက်ခြံတွေကော အစက်အပျောက်တွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။

(၃) နေလောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မျက်နှာပေါ်က အနီစက်များ

နေလောင်ခြင်းကြောင့်ပဲ ဖြစ်ဖြစ် chemical တစ်ခုကြောင့်ပဲ ဖြစ်ဖြစ် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မျက်နှာပေါ်က မပျော်ကနိုင်ဘူးလို့ထင်ထားတဲ့ အနီစက်အပျောက်လေးတွေကို ပျောက်ကင်းဖို့ အတွက် မုန့်ဖုတ်ဆိုဒါက အကောင်းဆုံး ဆေးပဲ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှာပါဝင်တဲ့ အရောင်ချွတ်နိုင်တဲ့ ဓာတ်တစ်မျိုးက မျက်နှာပေါ်မှာရှိတဲ့ အနီအစက်အပျောက်တွေကို ၉၈% ပျောက်ကင်းစေနိုင်ပါတယ်။

အသုံးပြုပုံ

- မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို သံပရာရည် တခြမ်းကို ညှစ်လို့ရလာတဲ့ အရည်နဲ့ ရောလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ အရည်ကို မျက်နှာပေါ်မှာရှိတဲ့ အနီစက်တွေရှိတဲ့ နေရာကို လိမ်းပေးပြီး နာရီဝက်လောက်ထားပေးရပါမယ်။ ပြီးတဲ့နောက်မှာတော့ ရေကျက်အေးလေးနဲ့ မျက်နှာသစ်လိုက်ပြီး မျက်နှာလေးကို အအေးခံလိုက်ပါ။ ဒီနည်းလေးက လည်း အနည်းဆုံး တစ်ပတ်မှာ နှစ်ကြိမ်လောက်လုပ်ပေးမှာ ထိရောက်မှာပါနော်။

(၄) နူးညံ ပြီး ပန်းရောင်သန်းနေစေမယ့် နှုတ်ခမ်းလေး

မိန်းကလေးတွေ အတွက်တော့ များသောအားဖြစ် နှုတ်ခမ်းလေးတွေကို ပိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ နှုတ်ခမ်းနီ အမြဲဆိုးတတ်တဲ့ ကောင်မလေးတွေက များသောအားဖြင့် နှုတ်ခမ်းလေးတွေခြောက်ပြီး မဲနေတတ်ပါတယ်။ ဒီအတွက် တော့ အိမ်မှာနေရင်း ကိုယ့်ရဲ့ မူလနှုတ်ခမ်းသားလေးကိုပြန်ရအောင် မုန့်ဖုတ်ဆိုဒါနဲ့ Treatment လုပ်လို့ရပါတယ်နော်။

အသုံးပြုပုံ

- ပထမဦးစွာ ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ဆတူရောပြီး ရလာတဲ့ အနှစ်ကို ခြောက်သွေ့နေတဲ့ နှုတ်ခမ်းလေးမှာ သုတ်လိမ်းပေးလိုက်ပါ။ နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မိနစ်အနည်းငယ်ကြာတဲ့ အခါ ရေအေးလေးနဲ့ နှုတ်ခမ်းကို ဖြည်းညှင်းစွာ ရေဆေးလိုက်ရုံပါပဲနော်။

(၅) ဒူးခေါင်းမဲ၊ တံတောင်ဆစ်မဲ

မုန့်ဖုတ်ဆိုဒါမှာ အရောင်ချွတ်နိုင်တဲ့ စွမ်းအင်ပါဝင်တာကြောင့် ဒူးခေါင်းနဲ့ တံတောင်ဆစ်မဲတာ တွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ အသုံးပြုပုံကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်နော်။

အသုံးပြုပုံ

-အာလူးတစ်ပိုင်းကို ယူပြီးတော့ ကြေညက် အောင် ကျိတ်လိုက်ပါ။ ပြီးရင်တော့ရလာတဲ့ အာလူးအနှစ်နဲ့ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို ရောပြီး ဂွမ်းစလေးနဲ့ မဲနေတဲ့ တံတောင်ဆစ်နဲ့ ဒူးခေါင်းနေရာတွေကို သုတ်လိမ်းလိုက်ပါ။ ပြီးတဲ့နောက် ရေနဲ့ ဆေးချလိုက်တာနဲ့ အံ့မခန်းတဲ့ ရလဒ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

(၆) အမွှေးအမျှင်တွေကို ဖယ်ရှားခြင်း

မိန်းကလေးအများစုက ခြေသလုံးနဲ့ ဂျိုင်းတွေမှာပေါက်တတ်တဲ့ အမွှေးအမျှင်တွေကို မကြိုက်ကြပါဘူး။ ခြေသလုံးမွှေးနဲ့ ဂျိုင်းမွှေးတွေက အင်္ကျီအဝတ်အစားလှလှလေးတွေဝတ်လို့ မရအောင် အနှောက်အယှက်ဖြစ်စေပါတယ်။ ပုံမှန်အားဖြစ်တော့ ရိတ်ပစ်တာတွေ ဖယောင်းနဲ့ ချွတ်တာတွေက ကြာရှည်မခံပါဘူး။ မုန့်ဖုတ်ဆိုဒါကတော့ မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို အမြစ်ပြတ်ဖယ်ရှားပေးနိုင်ပါတယ်။

အသုံးပြုပုံ

- ပထမဦးစွာ ကြက်ဆူဆီကို အရေပြားထဲကို စိမ့်ဝင်နေအောင် အရင်ဆုံးလိမ်းပေးပါ။ ပြီးရင်တော့ မုန့်ဖုတ်ဆိုဒါကို ရေနဲ့ဖျော်ပြီး ခြေသလုံးမှာလိမ်းလိုက်ပါ။ ဇာဂနာကို အသုံးပြုပြီး အမွှေးအမျှင်တွေကို ဖယ်ရှားပြီးရင်တော့ ကျယ်နေတဲ့ ချွေးပေါက်တွေကို ပိတ်အောင် ရေအေးကို ဂွမ်းစမှာ ဆွတ်ပြီး ခြေသလုံးကို သုတ်ပေးရုံပါပဲ။ ဒီနည်းလေးနဲ့လည်း မလိုချင်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားလို့ရပါတယ်။

မှတ်ချက်- Sensitive ဖြစ်တဲ့ အရေပြားပိုင်ရှင်တွေကတော့ အထက်ပါနည်းလမ်းတွေကို အသုံးမပြုခင်မှာ လက်မှာ အရင် စမ်းပြီး သုံးကြည့်သင့်ပါတယ်။

ကျန်းမာလှပတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။