ကမ္ဘာ့လက်ဝှေ့ချန်ပီယံကြီးအောင်လအန်ဆန်းရဲ့ အချစ်တော်အောင်ဒီးကတော့ ဖခင်ဖြစ်သူကိုပျော်ရွှင်ဖန်တီးပေးရုံသာမက ပင်ပန်းမှုဒဏ်တွေကိုလည်း မကြာခဏဖြေဖျောက်ပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကမ္ဘာကျော်လက်ဝှေ့ဖိုက်တာကြီးရဲ့ သားတစ်ယောက်ဖြစ်သလို ဖခင်ဖြစ်သူရဲ့ ခြေရာနင်းနိုင်မယ့်သားကောင်းရတနာတစ်ယောက်ဖြစ်ဖို့ကို ပြည်တွင်း မြန်မာ့ပြည်သားအားလုံးကတော့ မျှော်လင့်လျှက်ရှိတာတွေ့ရပါတယ်။  

မနေ့က အောင်လအန်ဆန်းကတော့ သူ့ရဲ့လူမှုစာမျက်နှာပေါ်တွင် သားဖြစ်သူအောင်ဒီးရဲ့ အပြုအမှုလေးတစ်ခုကြောင့် စိတ်အမောပြေရုံသာမက ပျော်ရွှင်မှုတွေများစွာဖြစ်ပေါ်ခဲ့ကြောင်းကိုရေးသားဖော်ပြထားတာတွေ့ရပါတယ်။ အဆိုပါ အောင်ဒီးရဲ့ အပြုအမှုလေးကတော့ ဖခင်ဖြစ်သူအောင်လအန်ဆန်းရဲက ငယ်စဉ်ဘဝပုံရိပ်ထဲမှာ နှုတ်ခမ်းစူကာ ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးအတိုင်း ပြန်လည်လုပ်ဆောင်ပြမှုလေးပဲဖြစ်ပါတယ်။ 

၎င်းပုံရိပ်လေးတွေနဲ့အတူ အောင်လကတော့

" အဒီးကို ကျွန်တော်ငယ်ငယ်က မျက်နှာပုံစံလုပ်ပြပါဦးဆိုတော့ သူလုပ်ပြတာဒီလိုတဲ့။ပထမပုံကတော့လွန်ခဲ့တဲ့နှစ်သုံးဆယ်က

ကျွန်တော့်ပုံဖြစ်ပြီးနောက်တစ်ပုံက အောင်လအသေးစားလေး

အဒီးပါ " ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ 

ချစ်စရာကောင်းတဲ့ သားရတနာလေးကြောင့် မိဘဖြစ်သူတွေသာမက အဖိုးအဖွားများပါ အချစ်ပိုနေရတဲ့ အောင်ဒီးလေးရဲ့ အပြုအမှုလေးကို ချစ်ပရိသတ်တွေလည်း အချစ်ပိုစေမှာအမှန်ပဲဖြစ်ပါတယ်။ ဖခင်အပေါ်အမြဲဂရုတစိုက်ရှိပြီး ကြင်ကြင်နာနာဂရုစိုက်တက်တဲ့ အောင်လအန်ဆန်းတို့ သားအဖရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။