သရုပ်ဆောင် ဆုပန်ထွာ ဟာ သူမ ရဲ့ သားလေးကို စက်တင်ဘာလ ၁၄ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ သားလေးအားလာရောက်ကြည့်ရူ့တဲ့ အနုပညာရှင်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

၉ပေါင် ၂အောင်စ နှင့် မွေးဖွားခဲ့တဲ့ ဆုပန်ထွာသားလေးရဲ့ နာမည်ဟာ ရောရောကျော် (Roar Roar Kyaw) ဖြစ်ပြီး Roar ဆိုတဲ့ အဓိပ္ပာယ်ဟာဆိုရင် ဟိန်းသံ မြည်ဟိန်းသံ လို့ ဆိုလိုပါတယ်။ ၁၄ ရက်နေ့က မွေးဖွားခဲ့ တာဖြစ်ပြီး ဆုပန်ထွာက သားလေး မမွေးဖွားခင် ကတည်းက ဖေ့ဘွတ်မှာ Roar Roar Kyaw ဆိုပြီး အကောင့် ဖွင့်ထားပြီး ဖြစ်ပါတယ်။ ထို့ပြင်လကုန်အထိ ကလေးကို လာရောက်ကြည့်ရူ့တဲ့ သူတွေ လက်ဆောင်လာပေးတဲ့ သူတွေ အလွန်များပြားခဲ့ပါတယ်။

ထိုသူတွေထဲ မှာ စန္ဒီမြင့်လွင်၊ ချစ်စနိုးဦး၊ ခင်လေးနွယ်၊ ရတနာခင်၊ မီးမီးခဲ အစရှိတဲ့ သရုပ်ဆောင်တွေ နှင့် မိတ်ဆွေတွေလဲ ပါဝင်ခဲ့ပါတယ်။ သရုပ်ဆောင်ဆုပန်ထွာ က ထိုသို့ လာရောက် သတင်းမေးခဲ့ကြတဲ့ သူတွေကို သူမရဲ့ လူမှုကွန်ရက် ကနေတဆင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။