မိုးလေဝသပညာရှင် ဆရာကြီးဦးထွန်းလွင်ရဲ့ ငလျှင်နောက်ဆက်တွဲ postတစ်ခုမှာ အမ မMalar Shweရဲ့ comment မှာပုံနှင့်တကွမေးတဲ့ မေးခွန်းတစ်ခုကို အကိုMee Gle ဖြေထားတဲ့ အဖြေလေးတစ်ခုပါ။ ကမ်းခြေဘက်ရောက်ဖြစ်တဲ့သူတွေ သတိထားနိုင်ဖို့ပါ။ ??

မေး။ ။ ဆရာကြီးရှင့်...မနက် ကငွေဆောင် ကမ်းခြေမှာ အကောင်ထူး၂ဆန်း၂တွေမြင်လို့မေးတော့ ဆိုင်ကယ်ကယ်ရီ အဖိုးကြီးက မိုးလာတော့မှာ၊ မိုးနီးလို့ ဆိုပြီးပြောပါတယ်...တိုက်၂ဆိုင်၂ ခုငလျှင်လှုပ်တယ်ဆိုတော့...ဘာကောင်တွေလည်း မသိပါဘူး...

ဖြေ။ ။ ရေဒန်းလို့ခေါ်ပါတယ်။ အပြာ/အဖြူ/အဝါ အရောင်တွေရှိပါတယ်။ အပြာ.အဖြူ အရောင်တွေက ထိရင်ယားရံတတ်ပါတယ်။ အဝါရောင်ရေဒန်းကတော့ လက်တို့

ခြေထောက်တို့ ထိရင်ချက်ချင်းရောင်ရမ်း ပီးခံရခက်ပါတယ်။ ရင်ညွှန့် ဆီးခုံတို့ထိရင် သေစေနို်င်ပါတယ်။ အဝါရောင်ရေဒန်းက

အန္တရာယ်ရှိပါတယ်။ အနောက်လေ ၂ရက်၃ရက်ဆက်တိုက်ရင် ကမ်းကိုပါလာတတ်ပါတယ်။ အဲ့ဒီအကောင်မျိုးတွေပါလာရင် ရေကူးရင်သတိထားပါ။ ထိမိလို့ ယားတယ်လို့် သံသယရှိရင် ရေခဲနဲ့ပွတ်ပေးပါ။

#Credit - Thant Zaw Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။