Cipriana Quann နဲ့ TK Wonder ဆိုတဲ့ အမြွာ ညီအစ်မနှစ်ယောက်ဟာ သူတို့ ရဲ့ ထူထဲလွန်းတဲ့ ဆံပင်ကို အတော်လေး မုန်းတီးနေကြပါတယ်။

လူမည်း မျိုးနွယ်ပေမယ့် သူတို့ညီအမ ရဲ့ မွေးရာပါ ဆံပင်ဟာ သာမန်လူတွေထက် ထူပြီး နက်မှောင်နေလွန်းနေတာကြောင့် သူတို့ကို လူတိုင်းက ဆံပင်မြင်တာနဲ့ သတိထားမိကြပါတယ်။

သစ်ပင်တစ်ပင်နီးပါးတူနေတဲ့ သူတို့ရဲ့ ဆံပင်အုံကြီးတွေကြောင့်လည်း လူမှု့ကွန်ရက်မှာ နာမည်ကြီးလာတာပါ။

သဘာဝ ကပေးတဲ့ ဆံပင်တွေနဲ့ ပတ်သက်ပြီး သူတို့ညီအစ်မက အခုလိုပြောပါတယ်။

ကျွန်မတို့ အရင်တုန်းကဆိုရင် ဒီဆံပင်ကြီးတွေကို အရမ်းမုန်းတာ ၊ မြင်ရတာလည်း စိတ်အနှောက်ယှက်ဖြစ်ရတယ်” လို့ Cipriana က ပြောပါတယ်။ 

သူတို့ဟာ နောက်ပိုင်းမှာ ဆံပင်ကိုဖြောင့်စက်နဲ့ ဖြောင့်တာတွေလည်း ဆက်မလုပ်တော့ပဲ သဘာဝအတိုင်းပဲ ထားလိုက်တော့တယ်လို့ သိရပါတယ်။

ပင်ကိုယ်ရုပ်ရည်အားဖြင့် ချောတဲ့အထဲမပါပေမယ့် နက်မှောင်ထူးခြားတဲ့ ဆံပင်ပုံစံကြောင့် သူတို့ ကို လူမှုကွန်ရက်မှာ စိတ်ဝင်တစားစောင့်ကြည့်သူများလာပါတယ်။

ဖက်ရှင်ကတော့ ပြောစရာမရှိအောင် လန်ထွက်နေတဲ့ သူတို့ညီအစ်မဟာ အာဖရိကအနွယ်ဖွား အရုပ်မလေးတွေ လို့ တင်စားခံထားရပါတယ်။

သူတို့ကို ဆံပင်ကြောင့်ရှက်ရွံ့တာ ကဲ့ရဲ့တာတွေမခံရပဲ ယုံကြည်မှုရှိပြီး ၊ နှစ်လိုဖွယ်ကောင်းတဲ့ အမူအကျင့်တွွေကြောင့် ချီးကျုးစရာဖြစ်နေပါတယ်။  

သတင်းအရင်းမြစ် metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။