ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းတိုက်မှုတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ ဒီကနေ့မှာဖြစ်ပွားခဲ့တာတွေ့ရပါတယ်။    

အဆိုပါ ဖြစ်စဉ်ကတော့ ပြည်သူများစွာအသုံးပြုနေတဲ့ လူနာတင်ယာဉ်(Ambulance) တစ်စီးရဲ့ ပြင်းပြင်းထန်ထန်ယာဉ်တိုက်မှုကြီးပဲဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်ကတော့ ရန်ကုန် - မန္တလေးကားလမ်းဟောင်း လက်ညိုးထိုး/ခနီး္တလေးကြားတွင် မကြာသေးမီကဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်ကတော့ ကုန်တင်ကားကြီးအား အနောက်မှ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိယာဉ်မောင်းသူကတော့ ပွဲချင်းပြီးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ လူနာတင်ယာဉ်ကတော့ တောင်ကြီး ထွန်းအထူးကုဆေးရုံမှကားဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာ မိသားစုဝင်တွေကို အကြောင်းကြားထားကြောင်း သိရပါတယ်။ ယာဉ်မောင်းညီအကိုများ သတိပြုမောင်းနှင်နိုင်စေရန် ဒီကနေ့ ယာဉ်တိုက်မှုပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။

Photos - Tought Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။