အရက်သောက်တာက ကျန်းမာရေးအတွက် အရမ်းကို ဆိုးရွားစေတယ်ဆိုတာ လူတိုင်းနီးပါး သိပါတယ်။ ဒါပေမယ့် ပွဲအခမ်းအနားတွေမှာ ညစာစားပွဲတွေမှာ များသောအားဖြင့် alcohol ပါဝင်တဲ့ အရက်၊ ဘီယာတွေကတော့ မပါမဖြစ်ပစ္စည်းတစ်ခုလိုဖြစ်နေပါတယ်။

ပရိသတ်တွေသိတဲ့ အတိုင်း alcohol သောက်ချင်းက ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်တွေကို ခမ်းခြောက်စေနိုင်ပြီး ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းတွေကိလည်း ပြင်းထန်စွာခံစားရစေနိုင်ပါတယ်။ အရက်၊ဘီယာကို အပျော်သဘောပဲ ဖြစ်ဖြစ် ကြိုက်လို့

သောက်တာပဲ ဖြစ်ဖြစ် အမူးလွန်ခြင်းဝေဒနာတွေကို မခံစားရအောင် ဘယ်လိုကုသရမလဲ ဆိုတာကို ယနေ့ ပြောပြပေးမှာဖြစ်ပါတယ်။ အပျော်လွန်ပြီး အများကြီးသောက်မိလို့ မနက်အလုပ်မလုပ်နိုင်ဘဲ အိပ်ယာထဲမှာတစ်နေ့ကုန် မနေချင်ဘူးဆိုရင်တော့ အောက်မှာ

ပြောပြထားတာလေးတွေကို ဆက်လက်ဖတ်ရူလိုက်ပါအုံးနော်။


(၁) ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါ။

- အရက်သောက်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်တွေကို ဆုံးရှုံးစေတာဖြစ်လို့ ခန္ဓာကိုယ်ကို ပင်ပန်း

နွမ်းနယ် စေပြီး အားအင်ကုန်ခမ်းစေနိုင်ပါတယ်။ ဒါကြောင့် အရက်အမူးလွန်လာတဲ့သူကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့

အတွက် ရေများများသောက်ခိုင်းဖို့လိုပါတယ်။ အိပ်ယာမဝင်ခင်မှာ တစ်ခါသောက်ပြီး ညသန်းခေါင်ယံမှာ သောက်ဖို့ အတွက်လည်း

ရေဗူးကို အနားမှာဆောင်ထားသင့်ပါတယ်။

- နောက်တစ်မျိုးကလည်း ရေဓာတ်ကို ပြန်လည်ဖြေတင်းရုံမက ခန္ဓာကိုယ်မှာလိုအပ်တဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့

အတွက် သံဓာတ်ကို ပြန်လည်ဖြေတင်းပေးတဲ့ အားဖြည့် အချိုရည်ကို သောက်သုံးပေးသင့်ပါတယ်။ သံဓာတ်ဖြည့်ပေးတဲ့ အချိုရည်ေ

တွေက အရက်အမူးလွန်နေတဲ့ အချိန် စိတ်မအီမသာဖြစ်တဲ့ ဝေဒနာကို အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။

- အချဉ်ဓာတ်ပါတဲ့ အသီးဖျော်ရည်တစ်ခုခုကို သောက်ပေးခြင်းကလည်း အမူးလွန်ခြင်းကို အမြန်ဆုံး သက်သာပျောက်ကင်းစေ

နိုင်ပါတယ်။ ပရိသတ်ကြီးတွေသိပြီးသားကို ဥပမာ ပေးရမယ်ဆိုရင် သံပုရာရည်လိုမျိုး အခြား ဗီတာမင် C ဓာတ်ပြည့်ဝစွာပါဝင်တဲ့

အသီးဖျော်ရည်တွေကိုလည်း သောက်သုံးပေးလို့ရပါတယ်။

- ယခုပြောပြမှာကတော့ တစ်ချို့ ပရိသတ်တွေ သိပ်မသိသေးတဲ့ အရက်အမူးလွန်တာကို ပျောက်စေတဲ့ ဂျင်းလက်ဖက်ရည်ပဲ

ဖြစ်ပါတယ်။ ဂျင်းလက်ဖက်ရည်ကို သောက်ခြင်းကြောင့် အရက်အလွန်အကျွံ သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပျို့အန်

ခြင်းကိုလည်း မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဂျင်း အပိုင်းလေး (၁၀) ပိုင်းကို ယူပြီး ရေ၊ လိမ္မော်ရည်၊ သံပရာရည် တစ်

ဝက်နဲ့ ပျားရည်တစ်ဝက်တို့ကို အချိုးကျရောစပ်ပြီး သောက်သုံးလို့ရပါပြီ။

- နောက်ဆုံးတစ်ချက်ကတော့ ကော်ဖီကို ရှောင်ဖို့ပါပဲ။ ကဖိန်းဓာတ်ပါတဲ့ အရည်တွေက ခန္ဓာကိုယ်မှာရှိတဲ့ သွေးဖိအားကို တိုးစေတာကြောင့်

အရက်အမူးလွန်နေတဲ့ အချိန်သောက်လိုက်မယ်ဆိုရင် အမူးလွန်တာကို ပိုပြီး ဆိုးရွားသွားစေနိုင်ပါတယ်။ ဒါကြောင့် ရေကိုပဲ အများဆုံး

သောက်သုံး ပေးသင့်ပါတယ်။

(၂)အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို စာသုံးပေးပါ။

- အစားအသောက်နဲ့ ပတ်သတ်ပြီး အဓိကညွှန်းချင်တာကတော့ ကြက်ဥကြော်ဖြစ်ပါတယ်။ ကြက်ဥကြော်မှာ amino acid ပါဝင်တာကြောင့် အရက်

အမူးလွန်ခြင်းကြောင့် ဖြစ်ပေါ်စေတတ်တဲ့ ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ ကြက်ဥကြော်ကို စားခြင်ကြောင့် စိတ်မအီမသာဖြစ်တာကို

ပျောက်စေတဲ့ အပြင် အားအင်တွေကို ပြန်လည်ပြေစေပြီး စိတ်ကိုလည်း လျင်မြန်စွာ ကြည်လင်လန်းဆန်းစေပါတယ်။

- အရက်အလွန်အကျွံသောက်မိတဲ့ အခါ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ Potassium ဓာတ်ကို လျော့နည်းစေတာကြောင့် မူးမောခြင်း၊ အော့အန့်ခြင်းတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

Potassium ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ မှို စတဲ့ အစားအစာတွေကိုလည်း စားသုံးပေးခြင်းဖြင့် အရက်အမူးလွန်တာကို သက်သာပျောက်ကင်းစေပါတယ်နော်။

ဘယ်လိုနည်းနဲ့ ပဲ ဖြစ်ဖြစ် အရက်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တာကြောင့် မသောက်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ အကယ်၍ တစ်ခါတစ်ရံ

အပေါင်းအသင်းတွေနဲ့ အပျော်လွန်ပြီး အများကြီးသောက်ခဲ့မိတယ်ဆိုရင်တော့ အပေါ်ကပြောပြခဲ့တာနည်းလမ်းတွေက အရမ်းကို

အသုံးဝင်စေပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် စာဖတ်ပရိသတ်ကြီးရေ..။

Source:wikihow.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။