လောက်ကိုင်ဒေသ လက်နက်ကိုင်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့ရသော မူလတန်းပြဆရာမလေး ဒေါ်ဗျာမီး၏ သမီးလေး မဆောင်းဒီဇင်ဘာထွန်းကို အကြားအာရုံနှင့် ကျန်းမာရေးအခြေအနေအရပ်ရပ် စစ်ဆေးကုသမှု ခံယူနိုင်စေရန် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းက ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေတွင် မြန်မာ့တပ်မတော်၊ နေပြည်တော်စစ်ဆေးရုံကြီး ခုတင်တစ်ထောင်က သမီးလေးအား တာဝန်ယူဆေးစစ်ကုသပေးမည်ဟု သိရပါသည်။

မနက်ဖြန် ၁၅.၃.၂၀၁၇ ရက် နံနက်ခင်းတွင် သမီးလေးအား ပို့ဆောင်ပြီး ဆေးစစ်ကုသမှု ခံယူစေမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။

Source - ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။