အမျိုးသမီးဇာတ်ဆောင်ဆုရှင် ဘယ်သူဖြစ်မလည်း

အနုပညာတိုင်း တန်ဖိုးထားမြတ်နိုးရတဲ့ အကယ်ဒမီဆုပေးပွဲကြီးကို မကြာခင်မှာ ကျင်းပတော့မှာပဲဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ အထူးချွန်ဆုံးဆုတွေကို ရွေးထုတ်ဆုပေးချီးမြှင့်တဲ့ ဒီပွဲဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအများဆုံး ပွဲလည်း ဖြစ်ပါတယ်။ ယခုနှစ် အကယ်ဒမီပေးပွဲကြီးကို ပြည်သူ့ရင်ပြင်မှာ ရွှေတိဂုံဘုရားကြီးကို နောက်ခံထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အညီကျင်းပမှာ ဖြစ်တဲ့အတွက် တမူးထူးခြားနေမှာတော့ အမှန်ပါပဲ………

အကယ်ဒမီပွဲ နီးလာတာနဲ့အမျှ အကယ်ဒမီဆုတွေနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ ရင်ခုန်သံတွေ စကားသံတွေ တစ်ကြိုပေးမှုတွေကလည်း အနုပညာရှင်တွေကြား အားပြိုင်လို့နေပါတယ်။ အကယ်ဒမီဆုတွေထဲမှာမှ အမြင့်ဆုံး ဆုတစ်ခုဖြစ်တဲ့ အမျိုးသမီးဇာတ်ဆောင် ဆုဟာလည်း ထိတ်ထတ်ကြဲ အနုပညာရှင် သုံးဦးအတွက် အလွန်ရေပန်းစားလျက် ရှိနေပါတယ်။

အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ရေပန်းစားလျက်ရှိနေသူတွေကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင် (နှင်းဆီပန်သူ) အကယ်ဒမီ သက်မွန်မြင့် (ချစ်လှစွာသော အမုန်း) ထပ်ဆင့် အကယ်ဒမီ ဝတ်မှုံရွှေရည် ( ချစ်လှစွာသော အမုန်း) တို့ပဲ ဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာနဲ့ သူမတို့ သုံးယောက်ကြား အကယ်ဒမီအားပြိုင်မှုဟာ အလွန်ရေပန်းစားနေပြီး ပရိသတ်တွေကလည်း ကိုယ့်မင်းသမီမှ အကောင်းဆုံး ဆိုပြီးဖြစ်နေကြပါပြီ။ ကဲ ယခုနှစ် အမျိုးသမီးဇာတ်ဆောင်ဆုကို ဘယ် အနုပညာရှင်က ဆွတ်ခူးရရှိမလည်း ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြပါစို့လား ပရိသတ်ကြီးရေ………

Source: Myanmar Film Academy

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။