ဒီဇင်ဘာလ ၁၇ရက်နေ့က ပျောက်ဆုံးသွားတဲ့ မြန်မာလူမျိုး ၂နှစ်သားကလေးငယ်လေးရဲ့ ဖြစ်စဉ်ကတော့ ပြည်တွင်းပြည်ပနေရာ အနှံ့အပြားမှာ ပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ ငယ်ရွယ်တဲ့ကလေးတသ်ယောက်ရဲ့ အစနပျောက် ပျောက်ဆုံးမှုကြောင့် မိဘဆွေမျိုးတွေသာမက ပတ်ဝန်းကျင်နဲ့ အခြားအခြားသော တာဝန်ရှိသူများစွာကပါ စိုးရိမ်ပူပန်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ကလေးငယ်ကို ရှာဖွေရန်အတွက်ထိုင်းနိုင်ငံတာဝန်ရှိရဲဝန်ထမ်းများနဲ့ ဒေသခံပြည်သူများစွာ ကူညီရှာဖွေခဲ့ကြတာတွေ့ရပါတယ်။
အဆိုပါ၂နှစ်သားအရွယ်မြန်မာကလေးကတော့ ဆူဖန်ဘူရီခရိုင်ထဲမှာဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းကကြံခင်းထဲမှာပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်နေ့ ၈ရက်မြောက်နေ့တွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ကလေးငယ်ရဲ့အလောင်းကိုတော့ သူပျောက်ဆုံးသွားတဲ့ နေရာရဲ့ငါးကီလိုမီတာအကွာရေကန်ထဲမှာသေဆုံးလျှက် တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး "ဆူဖန်ဘူရီခရိုင်ထဲမှာဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းကကြံခင်းထဲမှာပျောက်ဆုံးသွားတဲ့ ၂နှစ်သားအရွယ်မြန်မာကလေးဟာ သူပျောက်ဆုံးသွားတဲ့ နေရာရဲ့ငါးကီလိုမီတာအကွာရေကန်ထဲမှာသေဆုံးနေတဲ့အလောင်းကိုတွေ ရကြောင်း" ဆူဖန်ဘူရီအုပ်ချုပ်ရေးမှူးကပြောပြခဲ့ပါတယ် ။ လက်ရှိမှာတော့သူဘယ်လိုသေဆုံးသွားခဲ့သလဲဆိုတာကိုသိရှိဖို့စုံစမ်းစစ်ဆေးဖို့အတွက် အလောင်းကို ဆေးရံုံသို့ယူဆောင်သွားပြီဖြစ်ပါတယ် ။ ကလေးအလောင်းကတော့ပုတ်ပွနေပြီဖြစ်တယ်လို့ ကနဦးသတင်းများအရသိရှိရပတယ်။
Photos - SAW
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။