ချစ်စရာကောင်းတဲ့ မေမေတစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ ပရိသတ်တွေရှေ့ကို ယခင်ကနဲ့မတူတဲ့ ပုံစံတွေ့နဲ့ ပြန်လည်ရောက်ရှိလာတဲ့ singel mother တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရဲရင့်မှုတွေနဲ့ ဘဝရဲ့ တိုက်ပွဲတွေကို သမီးလေးအတွက် ရင်ဆိုင်ရင်း အကောင်းဆုံးဘဝလေးကို ဖန်တီးနိုင်အောင်ကြိုးစားနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ပရိသတ်တွေမြင်တွေ့နေရတဲ့ အေသင်ချိုဆွေကတော့ ယခင်ကနဲ့ လုံးဝမတူတော့တဲ့ ပုံစံတွေနဲ့ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်နေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

Single Mother အဖြစ်ရပ်တည်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အေသင်က အစပိုင်းမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပေမဲ့ ဝေဖန်မှုတွေကို အပြုံးနဲ့ ရင်ဆိုင်ရင်းသမီးလေးအတွက်အကောင်းဆုံးကြိုးစားနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ အေသင်လို့ စိတ်ဓာတ်ခိုင်မာတဲ့ သူကတော့ ရှားပါတယ်။ မကြာသေးခင်က For The Little Girl ဆိုတဲ့ သီချင်းအသစ်လေးကို တင်ပေးခဲ့ပြီး နားထောင်ခဲ့ရတဲ့ ပရိသတ်တွေအတွက် မျက်ရည်တွေဆို့နစ်စေခဲ့ပါတယ်။ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ Ivy လေးအတွက် ရေးစပ် သီဆိုထားတဲ့ သီချင်းဖြစ်တာကြောင့် မိခင်တစ်ယောက်ရဲ့ ခံစားချက် Single Mother တစ်ယောက်ရဲ့ ခံစားချက်တွေ ပြင်းထန်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

အေသင်က ဘယ်ချိန်ပဲ ဖြစ်ဖြစ်ပျော်ပျော်နေတတ်ပြီး ကိုယ့်ဘဝလေးကို ပိုကောင်းအောင်ပဲ အမြဲစဥ်းစားနေတတ်သူဖြစ်တဲ့ မေမေ ကို ရရှိထားတဲ့ Ivyလေးကတော့ ကံကောင်းတဲ့ သမီးလေးဖြစ်မှာပါ။ ပရိသတ်တွေအတွက် သမီးလေးနဲ့ အတူ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို တင်ပေးတတ်တဲ့ အေသင်က ယခုတစ်ခေါက်လည်း Ivyလေးရဲ့ မေမေ အေသင်မောင်းတဲ့ ကားကို လိုက်စီးရလို့ လန့်နေတဲ့ ချစ်စရာရုပ်လေးကို ဗီဒီယိုအတိုလေးနဲ့ တင်ထားတာဖြစ်ပါတယ်။ ပရိသတ်တွေချစ်ကြတဲ့ Ivyလေးရဲ့ ချစ်စရာ ဗီဒီယိုလေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။