အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ရွှေကစ်လေးကတော့ ကြည်နူးပျော်ရွှင်စရာ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားသူလေး တစ်ယောက်ပါပဲ..။

အေးချမ်းတဲ့ ချစ်ခြင်းတရားတွေကို နွေးထွေးစွာ ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းလွန်းတဲ့ တူချောချောလေးကိုလည်း ချစ်မဝဖြစ်ကာ ရှုတင်အားလပ်ရက်လေးတွေမှာလည်း တူလေးထိန်းရင်း နေ့စဉ်ဘဝလေးကို ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

ဒီနှစ်မှာ ကျရောက်ခဲ့တဲ့ ခရစ်စမတ်နေ့လေးမှာလည်း မိသားစုတွေအပြင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူ ပါတီပွဲလေး ကျင်းပပြုလုပ်ခဲ့ပြီး ခရစ်စမတ်နေ့လေးကို အဓိပ္ပာယ်ရှိရှိ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

ခရစ်စမတ်ပါတီပွဲလေးမှာလည်း ချစ်ခင်ရသူတွေနဲ့ စားသောက်ပျော်ရွှင်ရင်း တူလေးကိုလည်း လက်က မချနိုင်အောင် ထိန်းရင်း ပျော်နေတဲ့ ရွှေကစ်လေးရဲ့ အပြုံးလေးတွေကတော့ တကယ်ကို ချစ်စရာကောင်းနေတာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြတာ ဖြစ်ပါတယ်နော်..။

မိသားစုအမှတ်တရ ပျော်ရွှင်စရာ ပါတီပုံရိပ်လေးတွေကိုလည်း ရွှေကစ်လေးက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ချစ်ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

အားလုံးရဲ့ အသည်းကျော်လေး ရွှေကစ်လေးကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်နေသလို မိသားစုနဲ့ ပရိသတ်တွေကို အဖော်ပြုပြီး ယနေ့အထိ အိမ်ထောင် မပြုသေးတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးပါပဲနော်..။

Photo - ဝတ်မှုံရွှေရည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။