"မိုးကောင်းကင် အိပ်မက်" ဇာတ်လမ်းတွဲလေးမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်နိုင်ခဲ့သူတွေကတော့ ရဲသွေးနဲ့ ဆိုင်းမိုင်တို့စုံတွဲလေးပဲ ဖြစ်ပါတယ်။ စည်သူဝင်းနဲ့ ပိုးကြာဖြူခင်တို့နှစ်ယောက်က ဒီဇာတ်လမ်းတွဲလေးမှာ အတွဲညီညီနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ယနေ့တိုင်အောင် ပရိသတ်တွေက သတိတရနဲ့ အားပေးနေကြတာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေးမှာတော့ ရဲသွေးနဲ့ ဆိုင်းမိုင်တို့နှစ်ယောက်က စုံတွဲလေးအဖြစ် ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတော့ ရဲသွေးနဲ့ ဆိုင်းမိုင်တို့နှစ်ယောက်က မြင်းခြံမြို့လေးကို အလည်သွားရောက်ခဲ့ကြပါတယ်။ ဆိုင်းမိုင်က ပုလဲရွာလေးမှာ မိသားစု ရှင်ပြုနားသအလှူတော်ပြုခဲ့တာဖြစ်ပြီး ရဲသွေးကိုပါ တစ်ပါတည်းခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ ခရစ်စမတ်ညလေးမှာတော့ ဆိုင်းမိုင်နဲ့ ရဲသွေးတို့နှစ်ယောက်က မြင်းခြံမြို့က ပရိသတ်တွေကို သီချင်းတွေသီဆိုပြီး ဖျော်ဖြေခဲ့သလို ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကို တစ်ခဲနက် အားပေးခဲ့ကြပါတယ်။

အခုလည်း ဆိုင်းမိုင်က "မြင်းခြံမြို့ ကုန်းပုထိုးကျေးရွာက ရွှေစည်းခုံဘုရားပွဲတော်မှာ ဒီည ကိုရဲနဲ့ဆိုင်းမိုင် ဖျော်ဖြေခဲ့ပါတယ်။ ပရိတ်သတ်တွေက ဒို့နှစ်ယောက်ကို သိပ်သဘောမတူရှာဘူးနော် နှစ်ယောက်သားတက်လာတာနဲ့ ဟေး ဆိုပြီး အော်ပြီး အားပေးတော့တာပဲ ချစ်စရာကြီး ရာသီဥတုကလဲ ချမ်းလိုက်တာမှ တုန်လို့ ခရစ်စမတ်နေ့ညရဲ့ အမှတ်တရလေးပေါ့ " ဆိုပြီး သူတို့နှစ်ယောက်ရဲ့ အမှတ်တရပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးအတွက် သူတို့နှစ်ဦးရဲ့ ပျော်ရွှင်စရာ အမှတ်တရပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Poe Kyar Phyu Khin; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။