မိန်းမပျိုလေးတွေကြားမှာ နာမည်ကြီးနေသူလေး တိုင်ရွန်ကတော့ ယခုမှာ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သီချင်းဗီဒီယိုတွေနဲ့ ကြော်ငြာတွေရိုက်ကူးလေ့ရှိသလို သရုပ်ဆောင်တစ်ဦးအဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကိုတော့ ပရိသတ်ကြီးသိမယ်ထင်ပါတယ်။ ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။

သူကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ပုရိသ ဆိုတဲ့ ဇာတ်ကားကြီးကို သူငယ်ချင်း နေခြည်ဦးနဲ့အတူ ရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းကအမှတ်တရ အခွီပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ နှစ်ယောက်လုံးကတော့အရမ်းချစ်ဖို့ကောင်းပြီး ရီနေ၇တာလည်းဖြစ်ပါတယ်။

လတ်တလောမှာ ရေပန်းစားအောင်မြင်နေတဲ့ မော်ဒယ်၊သရုပ်ဆောင် တိုင်ရွန်နဲ့ တက်သစ်စ မင်းသမီးလေး နေခြည်ဦးတို့ကတော့ အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းကောင်းတွေဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်ကို တစ်ယောက် တွေ့တာနဲ့ အမြဲရန်ဖြစ်သတ်ပုတ်နေကြသလို တစ်ခုခုဆိုရင် အတူတိုင်ပင်လေ့ရှိကြတာလည်း ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက်ချီချီနဲ့တိုင်ရွှန်တို့ရဲ့ ရိုက်ကွင်းက အခွီပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။