MRTV-4ရဲ့ ချစ်စရာမင်းသမီးချောလေးဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ခြူးကို ပရိသတ်တွေ သိမယ်ထင်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ ရိုးရိုးယဉ်ယဉ်ပုံစံလေးတွေနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ သူမကတော့ အများနဲ့ မတူတဲ့ တစ်မူထူးခြားပြီး ကျက်သရေရှိတဲ့ အလှတွေနဲ့ လှနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ပုရိသတွေကို ဆွဲဆောင်စရာမလိုပဲနဲ့ မြင်သူတိုင်းငေးနေစေတဲ့ အလှတွေနဲ့ ချစ်စရာကောင်းသူလေးဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်တဲ့ ခြူးလေးက လတ်တလောမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ဖြစ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။ ကလေးပုံစံလေးနဲ့ အရမ်းချစ်စရာကောင်းအောင်နေတတ်တဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေက အချစ်တွေပိုနေရတဲ့ သူလေးဖြစ်ပါတယ်။ ခြူးလေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲအသစ်တွေကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် မကြာခင်မှာ ခြူးလေးရဲ့ ဇာတ်လမ်းတွဲသစ်လေးဖြစ်တဲ့ " ရွှေဖူးစာဆုံရာမြေ " ဆိုတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲလေးကို မကြာခင်မှာ ပရိသတ်တွေ ကြည့်ရူခံစားရတော့မှာဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် Tiktok ဆော့ထားတဲ့ ဗီဒီယိုလေးတွေကို အမြဲတင်ပေးဖြစ်တဲ့ ခြူးလေးက ဗီဒီယို အသစ်ထွက်တိုင်း သူများတွေနဲ့ မတူအောင် အခွီပုံစံလေးတွေဆော့နေကြဖြစ်ပါတယ်။ ယခုလည်း အဆိုတော် ကော်နီရဲ့ သီချင်းသစ်ဖြစ်တဲ့ " ဆေး " သီချင်းလေးနဲ့အတူ အခွီ ပုံစံ Tiktok ဆော့ထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေကြည့်ရူရင်း ရယ်မောပျော်ရွှင်နိုင်စေဖို့ အတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

Source:Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။