Jack Sparrow သရုပ်ဆောင် Johnny Depp ဟာ 14နှစ်လောက် Cpt.Jack နေရာမှာ သရုပ်ဆောင်ပြီးနောက် Disney Company နဲ့လမ်းခွဲလိုက်ပြီ ဖြစ်ကာ Disney သူဋ္ဌေး တွေကလဲ အဲ့သတင်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ သူတို့က Jack Sparrow Series ကို ပုံစံအသစ်နဲ့ ရိုက်ကူးရန်အတွက် Deadpool ဇာတ်ညွှန်းရေးသူနှစ်ယောက်ဖြစ်တဲ့ Rhett Reese နဲ့ Paul Wernick ကို Disney Producers တွေကသွားရောက်တွေ့ရှိခဲ့ပါတယ်။

Disney ထုတ်လုပ်သူ Sean Bailey က " ကျွန်တော် ဒီရုပ်ရှင်ကားကိုကြိုက်ပါတယ်...ဒါပေမဲ့ Rhett Reese နဲ့ Paul Wernick တို့က ဒီကားနဲ့ ပတ်သက်ပြီး အရမ်းကိုစိတ်ဝင်စားနေတဲ့ အတွက် ကျွန်တော်တို့က ဒီရုပ်ရှင်ကားကို ပုံစံအသစ်နဲ့ ရိုက်ကူးမယ်လို့ စီစဉ်လိုက်တာပါ " လို့ Hollywood သတင်းသမားတွေကိုပြောလိုက်ပါတယ်။ ဇာတ်ညွှန်းရေးဆရာ Stuart Beattie က " Jack မှာ ကိုယ်ပိုင်ပုံစံအနေအထားရှိပြီး သူပြေးတဲ့ပုံစံက တကယ်ကိုကောင်းပါတယ်...Jack မှာကိုယ်ပိုင်အမူအရာ ရှိတယ် ကလေးအပြင် တကမ္ဘာလုံးက သူကိုကြိုက်ကြပါတယ်...သူကိုJack အနေနဲ့ အမြဲသတိရနေမှာပါ " လို့ပြောကြားခဲ့ပါတယ်။

Johnny Depp ဟာဆိုရင်လဲ Jack Sparrow ဇာတ်ဆောင်ကြောင့် လူကြိုက်များလာပြီ လူသိများလာတာပဲဖြစ်ပြီး Jack Sparrow ဟာလဲသူကြောင့်ပဲ အောင်မြင်လာတာပါ။ ပရိတ်သတ်တွေကလဲ သူတိုတွေကြောင့်ပဲကြိုက်ကြတာပါ။ Jack Sparrow ကို ၅ကားထွက်ရှိထားပြီး နောက်ဆုံးကားဖြစ်တဲ့ ' Dead Men Tell No Tales ' ထဲမှာတော့ Jack ရဲ့သရုပ်ဆာင်ပိုင်းက အနည်းဆုံးပဲ ဖြစ်ပါတယ်။ Johnny Depp နောက်ဆုံးထွက်ရှိထားတဲ့ ကားကတော့ " Fantastic Beasts: The Crimes of Grindelwald " ပဲဖြစ်ပါတယ်။ Johnny Depp မရှိတော့တဲ့ Jack Sparrow ကတော့ ဘယ်လိုလာအုန်းမလဲမသိဘူး......။

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။