Hidden Dragon ရဲ့ သရုပ်ဆောင် တရုတ်မင်းသား ချောင်ယွန်ဖတ်ကို ၁၉၅၅ ခုနှစ်၊ မေလ(၁၈)ရက်နေ့ ဟောင်ကောင်မြို့က လမ်မာကျွန်းမှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ အသက်(၆၃) နှစ် ရှိပြီ ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်၊ အသက်(၁၉) နှစ် မှာ သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့ပြီး ပထမဆုံးရုပ်ရှင်ကတော့ A Better Tomorrow ဆိုတဲ့ ဟောင်ကောင်အက်ရှင်အမျိုးအစားရုပ်ရှင် ဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ရဲ့ အကောင်းဆုံးမင်းသားဆု (၃) ဆုနဲ့ ရွှေမြင်းရုပ်ရှင်ရဲ့ အကောင်းဆုံးမင်းသားဆု(၂) ဆု ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်မှ စတင်လို့ ဟောင်ကောင်ရဲ့ အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင်မင်းသားဖြစ်လာခဲ့ပါတယ်။

အော်စကာရုပ်ရှင်ဆုရရှိခဲ့တဲ့Pirates of the Caribbean: At World's End (2007) မှ ဟောလီဝုဒ်ဇာတ်ကောင် ဂျက်စပဲရို၊ မင်းသား အော်လန်ဒို တို့ နဲ့ အတူ Sao Feng ဆိုတဲ့ လူမိုက်ဇာတ်ကောင်အဖြစ်ာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၅ခုနှစ်မှာ Forbesက ထုတ်ပြန်တဲ့ တကမ္ဘာလုံးရဲ့ အနုပညာကြေးအမြင့်ဆုံး မင်းသားစာရင်း နံပါတ်(၂၄) နေရာကို ရောက်ရှိခဲ့ပါတယ်။ မင်းသားချောင်ရဲ့ ချမ်းသာမှု ဟာ လက်ရှိမှာ ဟောင်ကောင်ငွေ ( HK$5.6 billion) အမေရိကန်ဒေါ်လာ (S$981 million) ဝန်းကျင်ရှိတဲ့ မီလီယံနာသူဌေးတစ်ယောက် ဆိုပေမဲ့လည်း သူဟာ မာနမကြီးသလို လူအများနဲ့ အတူသွားလာ လှုပ်ရှားတတ်ပြီး သူ့ရဲ့ရုပ်ရှင်ကို ပြန်ကြည့်ဖို့ အတွက် လက်မှတ်ရဖို့ တောင် သူကိုယ်တိုင်ကပါ တန်းစီးပြီး စည်းစနစ်တကျ နေထိုင်တတ်သူပါ။

သူ့မှာ နောက်ဆံတင်းစရာ သွေးသားရင်း သားသမီး မရှိသလို သူ့တသက်တာလုံး သရုပ်ဆောင် မင်းသားဘဝနဲ့ အသက်မွေးကာ ရှာဖွေခဲ့သမျှ ချမ်းသာမှု ငွေတွေအားလုံးကို သူသေဆုံးတာနဲ့ တပြားတစ်ချပ်မှ ချန်လျန်မထားပဲ လူမှုအဖွဲ့အစည်းတွေကို လှူဒါန်းမယ်လို့ South Korea's Munhwa Broadcasting Corporation (MBC) ရဲ့ အင်တာဗျူးမှာ ချောင်က ဖွင့်ဟပြောကြား လိုက်ပါတယ်။ "ဒီပိုက်ဆံ တွေဟာ ကျွှန်တော်တို့ တကယ် မပိုင်ဆိုင်ပါဘူး။ တစ်နေ့မှာ ကျွှန်တော် သေဆုံးသွားခဲ့မယ်ဆိုရင် ဒီငွေတွေကိုတခြားသူတွေ အကျိုးရှိရှိ အသုံးချဖို့ ချန်ထားပေးခဲ့ရမှာပါပဲ။ "လို့ ဆိုခဲ့ပြီး သူ့ရဲ့ ငွေတွေအားလုံးကို ဒုက္ခရောက်ဆင်းရဲနေတဲ့ ပြည်သူတွေကို ကူညီမဲ့ လူမှုအဖွဲ့အစည်းတွေကို လှူဒါန်းမဲ့အကြောင်း ပြောကြားခဲ့သလို ဇနီးသည်ဖြစ်သူ Jasmine Tan ကလည်း ခင်ပွန်း ချောင်ရဲ့ လှူဒါန်းမှုကို နမြောတဿ ဖြစ်ခြင်း အလျင်းမရှိပဲ အရမ်းကို ထောက်ခံအားပေးခဲ့ပါတယ်။

source: https://cnalifestyle.channelnewsasia.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။