သရုပ်ဆောင်မင်းသားဇာဏ်ခီဟာ ယောကျာ်းပီသတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်သလို sound engineering ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးနှင့် မုဒြာခေါ်သံရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားစလုံးကို international တန်းဝင်ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်အများအပြား လက်ခံအားပေးမှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်ပါတယ်။ ဒီထက်မက အခုဆိုရင်လည်း ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံတကာအဆင့်မှီဇာတ်ကားတစ်ကားပေါ်ထွက်လာစေရန်ကြိုးစားနေကြတဲ့ ခီမောင်နှံလို့ဆိုရပါမယ်။

ရုပ်ရှင်သရုပ်ဆောင်ပိုင်းမှာတင်မက ဇာတ်ညွန်း၊တေးရေး၊တေးဆို နေရာတွေမှာ ပိုင်နိုင်ကျွမ်းကျင်တဲ့သူဖြစ်တာကြောင့် မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ ဝန်းရံအားပေးလျက်ရှိတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ မိန်းမကို အရိပ်တကြည့်ကြည့်နဲ့ အမြဲ ကြည့်နေတတ်တဲ့ မင်းသားဇာဏ်ခီကတော့ ဇနီးကိုအရမ်းချစ်တတ်တဲ့ ခင်ပွန်ကောင်းတစ်ယောက်အဖြစ် ပရိတ်သတ်တွေကြားမှာ ရေပန်းစား ချီးကျူးခံနေရတတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို အေးချမ်းစွာ တည်ဆောက်ထားကြတာလည်းဖြစ်ပါတယ်။ အမိုက်စားဖန်တီးမှုတွေနဲ့ အကောင်းစားသရုပ်ပြကွက်တွေကြောင့် ပရိသတ်အများစုရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တဲ့ဇနီးမောင်နှံဖြစ်ပါတယ်။ ဇနီးကို မကြာခဏ surprise လုပ်ပြီး သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို ဦးဆောင်တည်ဆောက်နေတဲ့ အမျိုးသားကောင်းတစ်ယောက်၊ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ အခုလိုမြင်တွေ့ရတဲ့အတိုင်း ဇာဏ်ခီဇနီးမောင်နှံရဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝပုံရိပ်လေးတွေကို ရင်သတ်ရှုမောဖွယ် ကြည့်ရှုရင်း ဇာဏ်ခီတီးခတ်ထားတဲ့ ဂီတာသံစဉ်တွေနဲ့အတူ ပျော်ရွှင်စရာ ဘဝလေးကိုအေးအေးလူလူနဲ့ဖြတ်သန်းရပါစေနော် ချစ်ပရိသတ်ကြီး။

Source Zenn Kyi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။