အများကတောင် လေးစားအားကျရတဲ့ အနုပညာရှင်မိသားစုလေးကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်၊ ဒါရိုက်တာ မိုက်တီးတို့ မိသားစုလေး ဖြစ်ပါတယ်။ စည်းလုံးညီညွတ်ပြီး တစ်ယောက်အပေါ် တစ်ယောက် လေးစားကူညီမှုတွေနဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ လင်းဇာနည်ဇော်တို့က မကြာသေးခင်ကမှ ဖခင်ဦးခင်ဇော်ကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ လင်းဇာနည်ဇော်တို့က ဖခင် သက်ရှိထင်ရှားရှိစဉ်တုန်းကလည်း ဂရုတစိုက်ပြုစုခဲ့သလို ကွယ်လွန်ပြီးနောက်ပိုင်းမှာလည်း အလှူတွေပြုပေးနေဆဲ ဖြစ်ပါတယ်။

အခုလည်း လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ယောက်က ဖခင်ဦးခင်ဇော်အတွက် သာသနာ့နွယ်ဝင် ရဟန်းတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သလို ဘုရားတရားတွေ ပြုလုပ်ပြီး "သာဓုခေါ်ပါဖေဖေ" လို့ ဆိုထားကြပါတယ်။ ဒါ့အပြင် သူတို့ညီအစ်မနှစ်ယောက်က တစ်ခေတ်တစ်ချိန်က ရုပ်ရှင်လောကမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သက်ကြီးအနုပညာရှင်တွေအတွက် ဆေးဝါးနဲ့ ကျန်းမာရေးစတဲ့ စောင့်ရှောက်မှုတွေကိုလည်း တာဝန်ယူပြုလုပ်ပေးနေပါတယ်။

တစ်ချိန်တစ်ခါက ရုပ်ရှင်လောကတွင်ပါဝင်သရုပ်ဆောင်ခဲ့ကြသော အနုပညာရှင်များမှာ အခုအခါ အသက်အရွယ်ကြီးလာပြီဖြစ်သည့်အတွက် အနုပညာဆားဆည်ရိပ် အမည်ဖြင့် သင်္ဃန်းကျွန်းကြီး ပုလဲမြို့သစ်တွင် နားခိုလျက်ရှိပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် နှစ်ပတ်တစ်ခါ ဦးကျော်သူ နာရေးကူညီမှုမှဖွင့်လှစ်ထားသော သုခ အခမဲ့ဆေးခန်းတွင် ပြသပေးလျက်ရှိပြီး အဘိုးများ၏ ကျန်းမာရေး အထွေထွေလိုအပ်မှုများကိုမချစ်ချစ်ဇော်၊မလင်းဇာနည်ဇော်နဲ့ တေးရေးတေးဆိုကိုအရိုးတို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

Source: Lin Zarni Zaw &အရှင်မထင်; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။