ပရိသတ်ကြီးရေ နိုင်ငံကျော် အချစ်တော်မင်းသမီးချောတစ်ဦးဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ ဆယ်ကျော်သက်အရွယ်ထဲက အနုပညာလမ်းကြောင်းကို ဝင်ရောက်ခဲ့ပြီး ယနေ့တိုင် ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမက အနုပညာလုပ်ငန်းတွေကို ရုတ်တရက် ရပ်နားထားခဲ့ရာမှ အခုအချိန်မှာတော့ ရုပ်ရှင်နဲ့ ကြော်ငြာတွေကို ပြန်လည်ရိုက်ကူးနေပြီဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်တဲ့ ထက်ကတော့ တစ်ချိန်က ပရိသတ်တွေကြားမှာ အောင်မြင်မှုကြယ်ပွင့်တွေကို တစ်သီကြီး ရရှိခဲ့ကာ နာမည်ကျော်ကြားခဲ့သူလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ကြော်ငြာမင်းသမီးလေးအဖြစ်လည်း တီဗွီဖန်သားပြင်ထက်မှာ ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝနေရာယူခဲ့သူလည်း ဖြစ်ပါတယ် ။ ကလေးတစ်ယောက်လို အပြုအမူလေးတွေနဲ့ ထက်ထက်ရဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက ယနေ့တိုင်အောင် ချစ်ခင်အားပေးနေတာလည်း ဖြစ်ပါတယ် ။

ထက်ကတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း အရင်ကပရိသတ်တွေကြားမှရေပန်းစားခဲ့တဲ့သူမရဲ့ကြော်ငြာလေးကို ပြန်လည်သရုပ်ဆောင်ပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဒီဗီဒီယိုလေးပြန်ကြည့်ပြီး ငယ်စဉ်အချိန်က ကြော်ငြာလေးတွေကို အမြဲစောင့်မျှော်ခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြန်လည်တမ်းတမိတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Myo Min Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။