ပုရိသတွေရဲ့ အသည်းစွဲ တစ်ဦးဖြစ်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေကြားမှာ ယခင်ကတည်းက နာမည်ကြီးတဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် မြင်သူတိုင်းချင်ခင်ရတဲ့ သူတစ်ဦးဖြစ်တဲ့ အပြင် ပုရိသတွေရဲ့ အသည်းနှလုံးတွေကိုလည်း အပိုင်သိမ်းထားနိုင်သူဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သူမက ယခုအချိန်မှာတော့ အိမ်ထောင်သည်အမျိုးသမီးဘဝကို ရောက်ရှိနေရုံသာမက မိခင်တစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။

အိမ်ထောင်ပြုသွားတဲ့ အချိန်မှာ အသက်ငယ်သေးတာကြောင့် ခေးကို ချစ်တဲ့ ပရိသတ်တွေက အရမ်းနှမြောခဲ့ကြပေမဲ့ ယခုအချိန်မှာတော့ သားလေးအတွက်သာ အရာရာကို စဉ်းစားတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေး Liam လေး မွေးဖွားပြီးချိန်မှာတော့ ယခင်ကနဲ့ လုံးဝမတူတော့တဲ့ ယွန်းဝတီလွင်မိုးကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နေတဲ့ ခေးလေးက အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီပီ အဘက်ဘက်ကနေ သားလေးအတွက် တွေးပေးလာတဲ့ မိခင်စိတ်ဓာတ်ကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။

ခေးလေးရဲ့ ချစ်စရာကောင်းတဲ့ မိသားစု ပုံစံလေးတွေကို ပရိသတ်တွေအတွက် အမြဲတင်ပေးတတ်တာကို ပရိသတ်တွေသိပါလိမ့်မယ်။ တစ်ခါတစ်လေ တစ်ချို့သောပရိသတ်တွေရဲ့ အပြုအမူတွေကြောင့် ယွန်းလေးတစ်ယောက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ "သားသားလေးပါတဲ့ ပုံတွေမှာ sad react မပေးကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ တကယ်တော့ ခေးပုံတွေမှာ sad react ပေးတာကိုခေးမကြိုက်ပါဘူး။ Comment ထည်းမှာရေးပြီး ရယ်စရာပြောတာကဘာပြဿနာမှမရှိပါဘူး။ အဲ့ဒီအတွက် sad react များမပေးကြဖို့မေတ္တာရပ်ခံပါတယ် " ဆိုတဲ့ စာလေးကို သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ မကြာသေးခင်အချိန်က တင်ထားတာဖြစ်ပြီး ပရိသတ်တွေကို မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း မိခင်တစ်ယောက်ရဲ့ စိတ်ကို နားလည်သောအားဖြင့် Sad React မပေးဖို့ ထပ်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်နော်။

Source:Yun Waddy Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။