ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး သွန်းဆက်ကတော့ ခရစ်စမတ်ညလေးကို ကြည်နူးပျော်ရွှင်စရာများနဲ့ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

ခရစ်စမတ်ညလေးမှာ သူငယ်ချင်းတွေနဲ့အတူ မီးပွိုင့်တွေမှာ ပန်းရောင်းနေတဲ့ အရွယ်နဲ့မလိုက်အောင် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ ကလေးသူငယ်လေးတွေနဲ့ အခြားသောချို့တဲ့လူသူတွေအတွက် လှူဒါန်းမှုများ ပြုလုပ်ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်..။

မီးပွိုင့်က ပန်းရောင်းတဲ့ခလေးလေးတွေနဲ့ Homeless တွေအပြင် စည်ပင် ကလုပ်သားတွေကို အဝတ်အစားများနဲ့ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော် တို့ကို တမြို့လုံးလိုက်ရှာပီး လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

ကြည်နူးပီတိဖြစ်စရာကောင်းလွန်းလှတဲ့ သူမတို့ အလှူလေးကို လူကြီးတွေအပြင် ပန်းရောင်တဲ့ ကလေးတွေကပါ ဆုတွေ အများကြီး ပြန်ပေးခဲ့တာမို့ ဆုပေးခဲ့တဲ့ အချိန်တွေမှာဆိုရင် ရင်ထဲမှာ ပီတိလေးတွေဖြစ်ပြီး ကြည်နူးရတယ်ဆိုပြီးတော့လည်း သွန်းဆက်လေးက ပြောပြထားပါသေးတယ်..။

ထပ်မံပြီးတော့လည်း အရမ်းကို ကြည်နူးပီတိဖြစ်ရတဲ့ အလှူဒါနလေး ဖြစ်သလို သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်စကားလေးကိုလည်း အမှတ်တရဓာတ်ပုံလေးတွေတင်ပြီး သွန်းဆက်လေးက ပြောထားတာ တွေ့ရပါတယ်နော်..။

ချစ်ရတဲ့ Myanmarload ပရိသတ်တွေအတွက်လည်း ခရစ်စမတ်ညလေးမှာ အလှူလေးတွေ ပြုလုပ်ရင်း ပျော်နေတဲ့ သွန်းဆက်လေးရဲ့ နတ်လူသာဓုခေါ်စရာ အလှူပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သွန်းဆက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။