ပရိတ်သတ်ကြီးရေ...seven sense film production ရဲ့ ဥက္ကဋ္ဌ ဝေမင်းမောင်တစ်ယောက်ဟာ Myanmarloadရဲ့ အင်တာဗျူးတစ်ခုမှာ နာမည်ကြီးရုံတင်ဇာတ်ကားကြီးနှစ်ကားမှာပါဝင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်အကြောင်းကိုပြောပြခဲ့ပါတယ်နော်။ စိတ်မကောင်းစရာတစ်ခုက ဒီသရုပ်ဆောင်နှစ်ယောက်စလုံးဟာ သူတို့ရဲ့ဇာတ်ကားတွေရုံတင်တာကိုတောင် မကြည့့်လိုက်ရဘဲဆုံးပါးသွားခဲ့ရပါတယ်နော်။

ပထမရုပ်ရှင်ဇာတ်ကားကြီးကတော့ အခုထိ(၇)ပတ်မြောက်ရုံတင်ပြသနေရတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဝင်ငွေတွေစံချိန်ချိုးခဲ့ရတဲ့ဇာတ်ကားကြီးတစ်ကားဆိုလည်းမမှားပါဘူး။ ဒီကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုးရဲ့ ညီ မင်းသွေးဟာ ဒီကားရုံမတင်ခင်မှာဘဲ ကွယ်လွန်ခဲ့ရပါတယ်။ သူအကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့အတွက် ပရိတ်သတ်တွေရင်ထဲထင်ကျန်စွဲနေခဲ့ရပြီး ဘယ်တော့မှမေ့လို့ရနိုင်မှာမဟုတ်ပါဘူးနော်။

နောက်တစ်ကားကတော့ မကြာခင်ရုံတင်ပြသတော့မယ့် ကိုယ်စောင့်နတ်ဆိုတဲ့ နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသအနုပညာရှင်အောင်ရဲထွေးဟာလည်း မနှစ်က ဒီလိုအချိန်မျိုးမှာပဲလူ့လောကထဲကနှုတ်ဆက်ခဲ့ရပါတယ်ပရိတ်သတ်ကြီးရေ..။ဒါကြောင့် ဥက္ကဋ္ဌ ဝေမင်းမောင်က "ပြီးခဲ့တဲ့အခေါက် မုန်းစွဲကိုရုံတင်တုန်းက မင်းသွေးကိုသတိရတယ် အခုအခေါက်ကတော့ ဒီကိုယ်စောင့်နတ်မှာ အောင်ရဲထွေးကိုသတိရတယ်" ဆိုပြီးဖြေကြားသွားခဲ့တဲ့အတွက် ပရိတ်သတ်တွေလည်း သူတို့ရဲ့ဇာတ်ကားလေးတွေကို ကြည့်ပြီး ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။ ကောင်းရာမွန်ရာရောက်ကြပါစေလို့ဆုတောင်ပေးလိုက်ကြပါအုန်းနော်....။

Source : Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။