ဘေဘီမောင်ကတော့ မြန်မာဝတ်စုံလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ဖမ်းစားတက်တဲ့သူလေးပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ပရိသတ်တွေရဲ့ အချစ်ကိုရရှိထားပြီး ပွင့်ပွင့်လင်းလင်းနဲ့ ပရိသတ်တွေအပေါ် တရင်းတနီးနေတက်တဲ့သူမရဲအကျင့်လေးကြောင့် ပရိသတ်တွေအချစ်ပိုစေခဲ့တာပါ။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေကလဲ ပရိသတ်တွေကို အချစ်ပိုအောင်ဆွဲဆောင်နေခဲ့ပါတယ်။ 

ဘေဘီမောင်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲကို အချစ်သီချင်းလေးတွေနဲ့ တိုးဝင်လာခဲ့တဲ့ အဆိုတော် သားဂန်းနဲ့ မကြာခင်က ချစ်သူတွေဖြစ်နေကြပြီး ချစ်ပရိသတ်တွေလဲ သားဂန်းနဲ့ ဘေဘီမောင်ကို လိုက်ဖက်တဲ့ စုံတွဲလေးအဖြစ် သဘောတူနေကြပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်တို့စုံတွဲလေးကို ချစ်ပရိသတ်တွေကတော့ မနဲ့မောင် ဆိုပြီး ချစ်စနိုးနဲ့ခေါ်ဝေါ်နေကြပါတယ်။  

ယနေ့မှာတော့ သားဂန်းတစ်ယောက် ချစ်သူလေး ဘေဘီမောင်နဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ဘဝအတွက်အမှတ်တရတွေများစွာရှိနေတဲ့ သီချင်းလေးကို သူရဲ့ မွေးနေ့လေးမှာ ပြန်တင်ပေးခဲ့ပါတယ်။ သားဂန်းကတော့ " ဒီသီချင်းလေးကကျွန်တော့်ဘဝအတွက်အမှတ်တရတွေအများကြီးပါကျွန်တော့်မွေးနေ့လေးမှာအမှတ်တရအဖြစ်တင်ပေးလိုက်ပါတယ် " ဆိုပြီးပြောထားပါတယ်။ အဆိုပါသီချင်းလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။  

SOURCE: သားဂန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။