မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားတဲ့Beauty Bloggerမလေးကတော့နေခြည်ဦးပဲဖြစ်ပါတယ်။Beauty Bloggerအနေနဲ့ပရိသတ်တွေရဲ့အချစ်တွေသိမ်းပိုက်ထားပြီးခုမှာတော့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးနေရတဲ့အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကိုယ်ပိုင်Brandလေးတစ်ခုဖြစ်တဲ့"Social Media BFF" 2019 Plannerလေးကိုထွက်ရှိထားပြီးပရိသတ်တစ်ခဲနက်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။

ချီချီကတော့ပထမဆုံးရိုက်ကူးထားတဲ့"ရန်သူ"ဆိုတဲ့ဇာတ်ကားရုံတင်ပြသနေပြီးပရိသတ်တွေရုံပြည့်အားပေးခဲ့ကြတာဖြစ်ပါတယ်။ရုံမတင်ခင်ထွေလာတွေထဲကပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်ခဲ့တာပါ။ချီချီရဲ့ပထမဆုံးဇာတ်ကားဖြစ်ပေမယ့်ချီချီရဲ့သရုပ်ဆောင်မှုတွေကတော့ဝါရင့်သရုပ်ဆောင်တွေတောင်ချီးကျူးခဲ့ရတာဖြစ်ပါတယ်။

ချီချီကတော့ရုပ်ရှင်ဇာတ်ကားကြီးတွေအများဆုံးရိုက်ကူးနေပြီးခုမှလည်း"ကိုယ်ပွား"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲကိုတက်ရောက်လာတာဖြစ်ပါတယ်။ဒီကားလေးမှာတော့အကယ်ဒမီမင်းဦး၊ကျော်ထက်အောင်၊အကယ်ဒမီထွန်းအိန္ဒြာဗို၊အကယ်ဒမီမြတ်ကေသီအောင်စတဲ့နာမည်ကြီးအကယ်ဒမီရမင်းသားမင်းသမီးတွေနဲ့တူတူသရုပ်ဆောင်ရမှာဖြစ်ပါတယ်။နာမည်ကြီးဝါရင့်မင်းသားမင်းသမီးတွေနဲ့ပါဝင်သရုပ်ဆောင်မယ့်ချီချီရဲ့"ကိုယ်ပွား"ဇာတ်ကားကြီးကန်တော့ပွဲတက်ရောက်လာတဲ့ပုံရိပ်လေးတွေကိုအားပေးကြပါဦးနော်။

SOURCE:Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။