မြန်မာ့လက်ဝှေ့လောကရဲ့ ပြိုင်ဘက်ကင်းဖိုက်တာတစ်ဦးဖြစ်တဲ့ သံမဏိစိုးလင်းဦးကိုတော့ပရိသတ်အားလုံးလည်း ရင်းနှီးကြမယ်ထင်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲများစွာကို သွားရောက်ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်တဲ့အပြင် အောင်ပွဲများစွာနှင့် မြန်မာ့အလံကိုလွှင်ထူနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။  

လက်ရှိ စိုးလင်းဦးကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားပြီး နေ့စဉ်ပျော်ရွှင်စရာတွေကို ဖန်တီးနေထိုင်လျှက်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ဝှေ့ထိုးသတ်မှုတွေကို အဆက်မပြက်ပြုလုပ်နေပြီး ထိုးသတ်မှုမှ ရရှိတဲ့ငွေးကြေးအချို့ကိုလည်း လှူဒါန်းမှုတွေပြုလုပ်တက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ မနေ့က ခရစ္စမတ်နေ့မှာ စိုးလင်းဦးကတော့ မိသားစုနဲ့အတူ ပျော်ရွှင်စရာခရစ္စမတ်ပွဲလေးတစ်ခုကို ပြုလုပ်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ခရစ္စမတ်လေးကတော့ ကြည်နူးစရာမိသားစု ခရစ္စမတ် ညစာဝိုင်းလေးပဲဖြစ်ပါတယ်။ သာယာပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုကို တည်ထောင်ထားတဲ့ စိုးလင်းဦးရဲ့ မနေ့ညကခရစ္စမတ်ညဖြတ်သန်းမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Soe Linn Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။