အကယ်ဒမီရွေးချယ်ရေးအဖွဲ့ကို ယုံကြည့်ရတဲ့နေ့မှသာ အကယ်ဒမီပေးပွဲကို တက်ဖြစ်တော့မှာ

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရိုက်ကူးတဲ့ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဘောလိဝုဒ်မင်းသမီးချော လိုင်လာခန်းကို အဆိုပါဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ ဆုကို ရရှိနိုင်တယ်လို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပေမယ့် တကယ်တမ်းတော့ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

သူမဟာ အကယ်ဒမီရွေးချယ်ရေးအဖွဲ့ကို ယုံကြည့်ရတဲ့နေ့မှသာ အကယ်ဒမီပေးပွဲကို တက်ဖြစ်တော့မှာ ဖြစ်တယ်လို့ The Morning Post Journal မှာ ဖြေဆိုထားတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် လိုင်လာခန်းဟာ ၂၀၁၆ ခုနှစ်အကယ်ဒမီပေးပွဲကိုတော့ လုံးဝတက်ဖြစ်မှာမဟုတ်တော့ပါဘူး။ 

Source: Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။