ပြည်တွင်းအမြဲလိုလိုဖြစ်ပွားလျှက်ရှိတဲ့ ရေဘေး၊ မီးဘေးသတင်းတွေကတော့ ပရိသတ်တွေမကြားချင်လောက်အောင် နေ့စဉ်ဖြစ်ပွားလျှက်ရှိတာတွေ့ရပါတယ်။ စိတ်မကောင်းစရာ ရေဘေး၊ မီးဘေးသတင်းတွေထဲမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတစ်ခုလည်းပါဝင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ မီးလောင်မှုကတော့ သာမာန်မီးလောင်မှုမျိုးမဟုက်ပဲ မော်တော်ယာဉ်တစ်စီးပေါ်မှာ လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုတစ်ခုပဲဖြစ်ပါတယ်။ 

အဆိုပါ မီးလောင်မှုကတော့ ဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ နံနက် ၁၀နာရီ မိနစ်၃၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မရမ်းခြံဆိပ်ကမ်း(မင်းကွန်းဆိပ်ကမ်း)တွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ မီးလောင်မှုကို မြန်မာ့နိုင်ငံအရံမီးသတ်တပ်ဖွဲ့ဝင်များက Level 2 အဆင့်ဖြင့်သွားရောက်ငြိမ်းသတ်ခဲ့ကြပြီး ဒေသခံပြည်သူအချို့ကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြတာတွေ့ရပါတယ်။ လက်ရှိ ဆုံးရှုံးမှုနဲ့ သေဆုံးသူတွေကို ရှာဖွေလျှက်ရှိပြီး မီလောင်ဖြစ်အကြောင်းအရင်းကို စုံစမ်းလျှက်ရှိကြောင်း သိရပါတယ်။

Photos - Chit Min Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။