အမြန်လမ်းပေါ်ကကွယ်လွန်တိမ်းပါးသွားတဲ့ခရီးသည်တွေအကြောင်းရို်ကကူးနေတဲ့ဒါရိုက်တာဒဿကျော်စွာရဲ``သန်းခေါင်ယံခရီးသည်´´ရုပ်ရှင်ရိုက်ကွင်းကအဖြစ်အပျက်တွေကထိ်တ်လန့်တုန်လှုပ်ဖွယ်ရာအတိ။
နန်းခင်ဇေယျာဘယ်လိုကြုံတွေ့ခဲ့ရတယ်ဆိုတာဖတ်ကြည့်ပါ။
ဇာတ်ကားရိုက်ကူးတော့နန်းခင်တို့ကအံစာတုံးကားမီးလောင်မှုအကြောင်းရိုက်တယ်။ နန်းခင်ကိုအံစာတုံးမီးလောင်တဲ့ထဲမှာပါတဲလူရှစ်ယောက်ထဲကတစ်ယောက်ကအိမ်မက်လာပေးတယ်။နောက်ဇာတ်ကားစရိုက်တော့လူတစ်ယောက်ကိုအရင်ဝင်ပူးတယ်။အပူးခံရတဲ့လူကဝူးဝူးဝါးဝါးနဲ့။နောက်ထပ်တစ်ယောက်ကိုထပ်ပူးပြန်တယ်။အပူးခံရတဲ့လူကလုံးဝမထွက်တော့ ရှုတင်ကိုရပ်လိုက်ရတယ်။ကားကိုဘယ်သူမီးရှို့တယ်ဆိုတာပြောချင်ပုံရတယ်။
ကြောက်လိုက်တာ။
နောက်အဖြစ်အပျက်တစ်ခုကသေသွားတဲ့သားအမိ၂ယောက်အကြောင်းရိုက်တာ။ အဲ့သားအမိ၂ယောက်ကဘေးမှာတောက်လျှောက်လိုက်လာတယ်။ဒရုန်းရှော့ရိုက်တော့လည်း ဒရုန်းရှော့နောက်ကိုမီးလုံးအကြီးကြီးတွေကလိုက်နေတယ်။ရိုက်နေတာရရက်ရှိပြီ။အဲ့ရက်ကတော့ဆိုးဆိုးရွားရွားပဲ။ပါတဲ့သရုပ်ဆောင်တွေကလည်းမရိုက်ချင်ကြတော့ဘူး။
နန်းခင်ကအရင်လဲသရဲဇာတ်တွေရိုက်ဖူးပေမယ့် အဲ့တာတွေကရှုတင်အိမ်မှာရိုက်ရတာလေ။အခုဟာက ဘယ်မိုင်တိုင်မှာဘယ်အဖြစ်အပျက်ဆိုပြီးသွားရိုက်ရတော့တအားကြောက်နေမိတယ်။ထမင်းတောင်အပြင်မှာမစားရဲလို့ကားထဲတံခါးပိတ်ပြီးစားရပါတယ်တဲ့။
ကျောချမ်းစရာကြီးနော်ပရိသတ်ကြီးရေ။
Source-Local Media
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။