နေ့စဉ်ကြားနေရတဲ့ လူသတ်မှုတွေထဲမှာ ရှုံးဆုံးမှုများစွာရှိခဲ့တဲ့ လူသတ်မှုတစ်ခုကတော့ ဒီဇင်ဘာလ ၂၅ရက်နေ့ မနေ့က ခရစ္စမတ်နေ့မှာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ရတနာပုံတက္ကသိုလ်ကျောင်းမှ ကုန်ထုတ်ဓာတုဗေဒကျောင်းသားတစ်ဦးရဲ့ ဝမ်းနည်းစရာသေဆုံးမှုပဲဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်ကတော့ အမရပူရမြို့တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားထိုးခံရမှုကြောင့် ဆေးရုံပေါ်တွင်သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

ဖြစ်စဉ်ကတော့ ဒီဘာလ ၂၅ ရက်၊ ည ၈ နာရီခန့်တွင်အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်ကျောင်း၌ ပညာသင်ကြားနေသည့် ကုန်ထုတ်ဓာတု(IC)နောက်ဆုံးနှစ်ကျောင်းသား မောင်စိုးမိုးဟိန်း(၂၀)နှစ်အား အမည်မသိအဖွဲ့ကဓားဖြင့်ထိုးသွားခြင်းကြောင့် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့်မန္တလေးဆေးရုံ၌ကုသမှုခံယူနေစဉ် ည ၁၀ နာရီတွင် ယင်းဒဏ်ရာဖြင့်သေဆုံးသွားခဲ့ကြောင်း အမရပူရမြို့ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။ 

"မနေ့ညကဖြစ်တာဆိုတော့ ကျွန်တော်တို့လည်းသေ သေချာချာ အမှုအသွားအလာကိုစစ်ဆေးနေတုန်းပါပဲ။ အခုလည်းပဲမျက်မြင်သက်သေတွေကိုခေါ်စစ်နေတယ်။ အနည်းငယ်ကွဲလွဲမှုတွေရှိနေတယ်ဗျ။ အဲ့ဒါကြောင့် မသေချာဘဲနဲ့တော့ပြောပြလို့မရသေးပါဘူး။ဖြစ်စဉ်အကြောင်းရင်းမှန်တွေကို သေချာသိရှိရပြီဆိုရင်တော့ တရားဝင်သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်"ဟု အမရပူရမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ယနေ့(ဒီဇင်ဘာလ ၂၆ ရက်) နံနက် ၉ နာရီခွဲတွင်ပြောပြခဲ့ပါတယ်။ လက်ရှိ လူသတ်တရားခံတွေကို ရှာဖွေမှုတွေပြုလုပ်နေပြီး အမှုမှန်ပေါ်ပေါက်ရန်အမြန်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဆုံးရှုံးမှုကြီးမားခဲ့တဲ့ မောင်စိုးမိုးဟိန်း(IC) ကျောင်းသားလေးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - YDNB  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။