နေ့စဉ်လှုပ်ရှားသွားလာမှုတွေထဲမှာ မထင်မှတ်ထားတဲ့အရာတွေကတော့ နေ့စဉ်နီပါးဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်တွေထဲမှာ ပြည်တွင်း သာသနာပြုဆရာတော်များစွာရဲ့ ဖြစ်ရပ်တွေကလည်း မကြာခဏဆိုသလို ဝမ်းနည်းစရာတွေ့မြင်ခဲ့ရတာတွေ့ရပါတယ်။ ၎င်းဖြစ်စဉ်တွေထဲမှာ ဖြစ်ရပ်မှန်တစ်ခုကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ပြည်တွင်း သံဃာတော်များစွာနေ့စဉ်နီးပါးကြုံတွေ့နေကြတဲ့ ဖြစ်စဉ်လေးပဲဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာတော့ ဦးဇင်းတစ်ပါး ဆွမ်းခံကြွရန် ကားစောင့်နေပြီး ခရီးသည်တင်ကားသမားအချို့ရဲ့ ရုပ်ညံ့တဲ့အပြုမှုကို ရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ်။  

ဗုဒ္ဓဘာဝင်တိုင်းရဲ့ အထွဋ်မြတ်ထားရာ ဗုဒ္ဓရဲ့ သားတော်တွေရဲ့ နေ့စဉ်ကြုံတွေရတဲ့ စိတ်မကောင်းစရာအပြုအမှုလေးကိုတော့ ယနေ့ခေတ်နေရာအနှံ့အပြားမှာ မကြာခဏဆိုသလိုတွေ့မြင်နေကြမှာပဲဖြစ်ပါတယ်။ ပြည်တွင်း ဗုဒ္ဓဘာသာဝင်တို့ မေ့လျော့နေသည်ဖြစ်စေ၊ သတိမပြုမိခဲ့သည်ဖြစ်စေ အဆိုပါဖြစ်စဉ်မျိုးထပ်မမပြုလုပ်ကြဖို့ တောင်းဆိုရင်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြစ် သတိထားရှောင်ကြဉ်နိုင်ရန်မျှဝေပေးလိုက်ပါတယ်။

Video - အရှင်နာယက 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။