လူတွေသိကြတဲ့ အလှမယ်တော်တော်များများဟာ ငယ်စဉ်ကတည်းက ရွှေပေါ်မြတင်ဘဝကိုဖြတ်သန်းခဲ့ရပြီး ပိုးမွေးသလိုမွေးခဲ့ရလို့ ဒီလောက်လှနေရတာလားလို့ ထင်ကြတာတွေရှိပါတယ်။ ဒါပေမယ့် ထိုင်းကိုယ်စားပြုအလှမယ်ဖြစ်တဲ့ Chalita Suansane ရဲ့ဘဝကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။

Chalitaရဲ့မိဘတွေဟာ ငယ်စဉ်ကတည်းက ဆင်းရဲချို့တဲ့ပါတယ်။ Chalitaဟာ မိခင်ဖြစ်သူနဲ့အတူ ငယ်စဉ်ကတည်းက စားဝတ်နေရေးအတွက် အတူစျေးရောင်းခဲ့ရတာဖြစ်ပါတယ်။ သူမဟာ အသက်လေးနှစ်အရွယ်ကစပြီး လမ်းဘေးမှာစျေးရောင်းခဲ့ရပြီး ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ရတဲ့ဘဝကို နားလည်သဘောပေါက်အောင် ပြုစုပျိုးထောင်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

Chalita ဟာ သူမရဲ့မိခင်ကို ကူညီပေးဖို့အတွက် လမ်းဘေးမှာစျေးရောင်းတာကိုလဲ မရှက်မကြောက်လုပ်ခဲ့ပြီး သူမ Miss ပြိုင်ပွဲဝင်တဲ့အထိသူမကို မိခင်ဖြစ်သူက ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ Chalitaဟာ ခန္ဓာကိုယ်အလှ၊ ရုပ်ရည်နဲ့ ဉာဏ်ရည်ကောင်းမွန်ပြီး ထက်မြက်တဲ့အမျိုးသမီးအနေနဲ့ Miss Thailandဘွဲ့ကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် Chalitaဟာ သူမရဲ့ဘဝအကြောင်းကို မရှက်မကြောက်ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုင်းအမျိုးသမီးထုကို သူမနဲ့တူညီတဲ့စိတ်ခွန်အားတွေပေးခဲ့ပါတယ်။ ဒါ့အပြင် Miss တစ်ယောက်ဖြစ်ပြီးပေမယ့်လဲ သူမရဲ့အမေဖြစ်သူကိုကူညီဖို့အတွက် အမြဲအဆင်သင့်ရှိနေဆဲဆိုတာကိုပါ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။