ပရိသတ်တွေသိပ်သိချင်နေတဲ့ Winner အဖြစ်နိုင်ဆုံးသူက ဘယ်သူလဲ။ ဘယ်သူကSeason (2) ရဲ ့Winner ဖြစ်မလဲ။

အရည်အချင်းနှင် ့ပြည့်ဝပြီး Winner အဖြစ်သင့်ဆုံးသူက ဘယ်သူလဲ။

မြန်မာပြည်ရဲ ့သီချင်းဆိုပြိုင်ပွဲတွေမှာ Myanmar Idol ဟာလက်ရှိ ပရိတ်သတ်စိတ်ဝင်စားခံရမှု အမြင့်ဆုံးပြိုင်ပွဲဝင်တစ်ခုပါ။မကြာခင်အချိန်မှာ ပြီးဆုံးတော့မယ့် ဒီပြိုင်ပွဲဟာ ပိုပြီးအရှိန်တရိပ်ရိပ်တတ်လာပါတယ်။ကြည့်ရတဲ့သူတွေကြားထဲ ကိုယ့်ပရိတ်သတ် သူ ့ပရိတ်သတ်နှင့် အပြိုင်အဆိုင် ပြိုင်ပွဲကိုပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာစေခဲ့ပါတယ်။ နောက်ဆုံး Final သုံးယောက်အနေနှင့်တော့ သားငယ်၊ ပိုးမီ နှင့် ဘေလီလမင်းအေး တို ့ကတော့ ရောက်ရှိလာပါပြီ ။ဘယ်သူတွေက ဒီပြိုင်ရဲ ့ Winner ဖြစ်သင့်တာသလဲ။ပြိုင်ပွဲတစ်လျှောက် အားလုံးရဲ ့အရည်အချင်းကို ကောင်းကောင်းကြီးသိမြင်ခံစားဖူးပြီးပါပြီ။ခုနောက်ဆုံးရောက်လာတဲ့ ပြိုင်ပွဲဝင်သုံးယောက်ရဲ ့အရည်အချင်းကို ကြည့်ရမယ်ဆိုရင် ကိုယ်စီအားသားချက် တစ်ခုစီရှိနေပါတယ်။

အသံကာလာလှလှပပနှင့်သီချင်းမျိုးစုံကို သီဆိုနိူင်တဲ့ သားငယ်ကတော့ပရိတ်သတ်တွေကို သူဘယ်လို ဖျော်ဖြေမလဲဆိုတာကို အမြဲ စောင့်မျှော်ကြည့်ရူရတဲ့ ပြိုင်ပွဲ ဝင်တစ်ယောက်ပါ။Rock သီချင်းတွေသီဆိုတာဟာ သူ ့ဟန် သူ ့အသံကာလာနှင် ့လိုက်ဖက်မှုရှိပြီးသူရဲ ့ပိုင်နိူင်ကျွမ်းကျင်တဲ့ ဂီတအမျိုးအစားလို ့လဲမြင်မိပါတယ်။လက်ရှိပရိတ်သတ်တွေကို ကျေနပ်မှုအပြည့်ပေးနိူင်ဆုံး ပြိုင်ပွဲဝင်ကောင်းတယောက်ပါ။ခံစားသက်ဝင်မှုအပိုင်းသာမက ဂီတကိုရူးသွပ်သူပီပီသူ ့ရဲ ့ဖြေဖျော်ဟန်တွေက တကယ့်ကို ရင်သက်ရှုမောစေပါတယ်။

ပြိုင်ပွဲဝင်ပိုးမီကတော့ Slow Rock နှင့် Country Rock တွေနှင့် ပိုလိုက်ဖက်တဲ့ ပြိုင်ပွဲဝင်တယောက်ပါ။သူမကို ဒီပြိုင်ပွဲမတိုင်ခင် အပြင် ပွဲတွေမှာ တွေ ့ဖူးတယ်။သက်လုံအားကောင်းတယ်။အဆုံးသတ်တွေဆိုတာ သေသပ်လွန်းလှတဲ့သူမက တော့ Season တစ်ခုလုံးမှာ တခါသာရရှိတဲ့ Save ကို ဒီ Season မှာ ရရှိပြီး အကောင်းဆုံးပုံစံနှင့် ဒီပြိုင်ပွဲရဲ ့နောက်ဆုံးအဆင့်ကို ရောက်ရှိလာတာပါ။သူရော Final မှာ ဘယ်လိုတွေထူးခြားမှုတွေကို ဖန်တီးမလဲ ကြည့်ရမှာပါ။

နောက်ဆုံးတစ်ယောက်ကတော့ ဘီလီလမင်းအေးပါ ။သူမကတော့ ပြိုင်ပွဲတလျှောက်မှာ တကယ့်ကိုအတည်ငြိမ်ဆုံးပြိုင်ပွဲဝင်တယောက်အဖြစ် တွေ ့မြင်ရပါတယ်။Bottom ထိုင်ခုံမှာ မကြာခဏ တွေ ့မြင်ရသလိုဖြစ်တဲ့သူမအတွက် ဒီ Final ပွဲကြီး တကယ့်ကို စိတ်လှုပ်ရှားမှုတွေနှင် ့ပြည့်နှက်နေမှာပါ။ Pop ဂီတ အမျိုးအစားကို ပိုင်ပိုင်နိူင်နိူင်နှင့် ခံစားသက်ဝင်မှု ကောင်းလွန်းလှတဲ့ သူမရဲ ့ဖျော်ဖြေမှုဟာ တကယ့်ပရိတ်သတ်ရင် ကို ထိထိမိမိနှင် ့ပစ်ခွင်းနိူင်ပါတယ်။သူမရော နောက်ဆုံးညပွဲစဉ်မှာ ပရိတ်သတ်တွေကို ဘယ်လို အကောင်းဆုံးတင်ဆက်မလဲဆိုတာ ကြည့်ရူရမှာပါ။

Source: MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။