မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် လုယက်သတ်ဖြတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသား ဈာပနပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မနေ့က ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အသတ်ခံခဲ့ရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသား ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထနှစ်) ကိုစိုးမိုးဟိန်း (၂၂) နှစ်အား ၎င်း၏ နေအိမ်မှ ကသဲသုဿန် သို့ ပို့ဆောင်သြင်္ဂီုခဲ့ကြပြီး ဈာပနပွဲသို့ မိသားစုဆွေမျိုးများနှင့်အတူ ကျောင်းသား ကျောင်းသူအများအပြား နှင့် လိုက်ပါပို့ဆောင်ခဲ့ကြတာတွေ့ရပါတယ်။  

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ကိုစိုးမိုးဟိန်းသည် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း (၂၄) နှစ် နှင့်အတူထိုင်နေစဉ် အမည်မသိလူ (၄) ဦး မှဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး အကူညီ တောင်းချင်လို့ပါ ဟုပြောဆို၍ ပိုက်ဆံအိပ်လုယူရင်း ၎င်းတို့အထဲမှ အမည်မသိတစ်ဦးက ပွေ့ဖက်ကာ ကိုစိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွှန့်ကို ထိုးခဲ့ဖြစ်ကြောင်း ကနဦးသတင်းများအရသိရှိရပါတယ်။ ထိုသို့ ဓါးဖြင့်ထိုးလိုက်သည့်အတွက် ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း က ပတ်ဝန်းကျင်အားအော်ဟစ်အကူတောင်းစဉ် ၎င်းတို့ထဲမှပါလာသူသူတစ်ဦးက သူမပါးစပ်အားပိတ်သဖြင့်ရုန်ကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမာန်အင်းအတွင်းပြုတ်ကျခဲ့ကြောင်း သိရပါတယ်။ 

ထို့နောက် အင်းအတွင်း၌ ၎င်းအုပ်စုအတွင်းမှ (၁) ဦးသည် ကိုစိုးမိုးဟိန်း၏ ဝဲဘက်တင်ပါးဆုံအား ဓါးဖြင့်ထပ်မံထိုးစဉ် ပတ်ဝန်းကျင်အားထပ်မံအော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အမည်မသိလူလေးဦးရောက်ရှိလာကာ အကူအညီပေးသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ည(၁၀)နာရီအချိန်ခန့်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လူအမည်မသိ လူ (၄) ဦးအား အမပူရမြို့မရဲစခန်းတွင် (ပ)၇၁၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ ဆုံးရှုံးမှုကြီးမားခဲ့တဲ့ မောင်စိုးမိုးဟိန်း(IC) ကျောင်းသားလေးရဲ့ ဈာပနပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - MOe Thet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။