ကဲ... ပရိတ်သတ်ကြီးရေ.. ဒီနေ့ပြောပြမှာကတော့ အရမ်းကိုအသုံးတည့်ပြီး အသားဖြူချင်တဲ့သူတွေ အသားမညီတဲ့သူတွေ အသုံးပြုသင့်တဲ့နည်းလမ်းလေးတွေပါ။ အသားဖြူဆေးတစ်ဘူးသောက်ဖို့ကို chemical တွေဘာတွေကြောင့် side effectတွေများရှိမလားဘာလား ဆိုပြီး ကြောက်တဲ့ သူတွေအတွက်အိမ်တွင်းနည်းလေးပါနော်။ အရည်ရွဲရွဲ သံပုယိုသီးကောင်းကောင်းတစ်လုံးရှိရုံနဲ့ လိုက်လုပ်ကြည့်လို့ရတဲ့နည်းလမ်းပါနော်။လုပ်ကြည့်ပါ အရှုံးမရှိပါဘူး။

အသုံးပြုနည်း

- သံပုယိုသီးကို ထပ်ခြမ်းခြမ်းပြီး တခြမ်းကိုညှစ်ပါ။ အက်စစ်ဓာတ်နည်းသွားအောင် ရေတစ်ပေါက် နှစ်ပေါက်ထည့်ပါ။

-ဂွမ်းစလေးနဲ့ နဲနဲချင်းတို့ပြီး မျက်နှာတွေ လည်ပင်းတွေ စာဖတ်သူတို့ ဖြူချင်တဲ့နေရာတွေကို လိုက်လံတို့ပြီး ပွတ်ပေးပါ။

-ပြီးရင် စေးကပ်စေးကပ်ဖြစ်နေတာကို မိနစ်(၂၀)လောက်နဲနဲအောင့်အီးသည်းခံပြီရင်း ရေနွေးလေးနဲ့ ပွတ်သတ်ချလိုက်ပါ။ သတိထားရမှာက အဲ့လိုတွေ လုပ်နေတဲ့အချိန်နဲ့ လုပ်ပြီးသွားရင်တော့ ဘယ်အပြင်မှမသွားမိဖို့ပါပဲ။

-ဒီအဆင့်တွေကိုတော့ အသားအရေကို treatmentလုပ်တယ်လို့ခေါ်ပါတယ်။ ပြီးရင်တော့ ရေဓာတ်ဖြည့်တဲ့ ခရင်မ်တစ်ခုခုလိမ်းလိုက်ပါ။

-ဒါကတေ့ာရိုးရှင်းလွယ်ကူပြီးထိရောက်တဲနည်းလမ်းတွေပါ။တစ်ချို့လူတွေကလုပ်တော့လုပ်တယ် ဘယ်လိုလုပ်ရမလဲ အချိန်ဘယ်လောက်ကြာကြာ ဒီသံပုယိုအရည်လေးတွေကိုခြောက်အောင်ထားရမလဲဆိုတာမသိကြပါဘူး။ဒါကြောင့်ဒီဘားမှမဟုတ်တဲ့နည်းလမ်းလေးကိုဖော်ပြပေးလိုက်တာပါ။

-နောက်ထပ်သတိထားရမှာတစ်ခုက ဒါကိုတပတ်မှာ သုံးကြိမ်လောက်ပဲလုပ်ပါ။နေ့တိုင်းလုပ်ရင်အသားအရေပျက်စီးသွားနိုင်ပါတယ်နော်။ တကယ်လုပ်ရင် တကယ် တစ်ပတ်အတွင်း သိသိသာသာ ဖြစ်လာပါလိမ့်မယ် ပရိတ်သတ်ကြီးရေ...။

Source : Wikihow

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။