လင်မယားအဖြစ်ပေါင်းသင်းနေစဉ် အတူနေသည်ကို ဗီဒီယိုရိုက်ထားပြီး ကွာရှင်းမှ facebook တွင်တွင်သော ယောကျာ်းအား အမှုဖွင့်

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ၎င်း၏ခင်ပွန်းနှင့် ပေါင်းသင်း နေစဉ်ကာလက လင်မယားအဖြစ်ပေါင်းသင်း ဆက်ဆံပုံ ဗွီဒီယိုဖိုင်အား လူမှုကွန်ယက်တွင် တင်ခဲ့မှုနှင့်ပက်သက်၍ တိုင်ကြားအမှုဖွင့်ခဲ့မှု သြဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှ အမှုစစ်ဒုရဲစခန်းမှူး ရဲအုပ်မင်းမင််းစိုးမှပြောပြသိရသည်။်

ဖြစ်စဉ်မှာ မြို့သစ်မြို့နယ်၊ မကြီး---ကျေးရွာနေ မ-----သည် ၂၀၁၅ခုနှစ် ဒီဇင်ဘာလပိုင်းတွင်

ခင်ပွန်းဖြစ်သ ူအောင်မျိုးထွန်း၊ မကြီး---ကျေးရွာ၊မြို့သစ်မြို့နယ်နေသူ နှင့်အတူ တရုတ်နိုင်ငံ၊ ကျင်းယုံမြို့သို့သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင်ခင်ပွန်းဖြစ်သူအောင်မျိုးထွန်းမှာ ရွာသို့ ပြန်သွားခဲ့၍ မ-------အား တရုတ်ပြည်တွင်နေခဲ့ရန် ပြောသဖြင့် တစ်ရွာတည်းနေ သူငယ်ချင်းများနှင့်အတူ အလုပ်လုပ်ကိုင်ပြီး နေခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်ဇွန် ၅ ရက်တွင် မ------မှ ရွာသို့ ပြန်လည်ရောက်ရှိစဉ် ခင်ပွန်းဖြစ့်ဲသူမှ တရားလိုအား တရုတ်နိုင်ငံတွင် အခြားသူတစ်ဦးနှင့် ဖောက်ပြန်ကြောင်း စွပ်စွဲသဖြင့် မ-----မှမဟုတ်ကြောင်းပြောဆို ရှင်းပြ သော်လည်း ယုံကြည်မှု မရှိသဖြင့် အတူပေါင်းသင်းနေထိုင်ခြင်းမရှိပဲ နှစ်ဖက်မိဘများ နေအိမ်သို့ပြန်လည် နေထိုင်ခဲ့ရာ ဇွန် ၈ ရက် ည ၁၂ နာရီ အချိန်ခန့်တွင် မ-----မှာ မိဘများ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ်အောင်မျိုးထွန်းမှာ အရက်မူးကာ ရောက်ရှိလာပြီး မ------အားအခြား အမျိုးသားတစ်ဦးနှင့် ဖောက်ပြန်ကြောင်း ထပ်မံစွပ်စွဲ ပြောဆိုနေသဖြင့် မ-----က မဟုတ်ကြောင်း သက်သေခေါ်ပေးမည်ဖြစ်ကြောင်း ပြန် လည်ပြောဆိုရာ အောင်မျိုးထွန်းမှ သက်သေခေါ်ပေးစရာမလိုကြောင်း ငါခိုင်း တာလုပ်မည်ဆိုလျှင် ယုံကြည်မည်ဖြစ်ကြောင်းပြောဆိုပြီး မ------အား လင်မယားအဖြစ်နေထိုင်ရန် ပြောဆိုပြီး လင်မယားအဖြစ်ဆက်ဆံခဲ့ရာ ၄င်းတို့နှစ် ဦးလင်မယားအဖြစ် ်ပြုမူဆက်ဆံနေသည်ကို ခင်ပွန်းဖြစ်သူမှ ဟာဝေးအမျိုးအစား လက်ကိုင်ဖုန်းဖြင့် ရိုက်ခဲ့ကြောင်း၊ မ-----မှ မရိုက်ရန်ပြောသော်လည်း ခင်ပွန်းမှ ဆက်လက် ဗွီဒီယိုရိုက်နေ ခဲ့သဖြင့်အတင်းရုန်းကန်ထစဉ် ခင်ပွန်း၏ လက်ထဲရှိဖုန်းမှာ လွှတ်ကျသွားသဖြင့်ကြည့်လိုက်ရာ ၄င်းရိုက်ထားသော ဗွီဒီယိုအားတွေ့မြင်ရပြီး ဖုန်းအား လုယူစဉ် ခင်ပွန်းမှ အိမ်နီးချင်းဖြစ်သူ ူဦးဘိုကြင်၏နေအိမ်ခြံဝန်းအတွင်းသို့ လွှင့်ပစ်လိုက်ရာ မ----မှ လိုက်ကောက်ရန် ပြုသော်လည်း ခင်ပွန်းမှ ဖုန်းအားဦးစွာ ကောက်ယူကာ ၄င်း၏ မိဘများနေအိမ်သို့ ို့ပြန်သွားခဲ့ကြောင်း၊ မ------မှ ဖုန်းအားလိုက်တောင်းခဲ့ရာ အောင်မျိုးထွန်းမှ မပေးသဖြင့် ဇွန် ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးထံသွားရောက် တိုင်တန်းခဲ့ပြီး ၄င်းတို့မှာ ပေါင်းသင်းနေထိုင် ခြင်းမရှိတော့ဘဲ ဇွန် ၃၀ ရက်တွင် ရှေ့နေ ဦးဌေးမြင့်ဝင်းထံမှာ် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ကြောင်း၊ သြဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မ-----၏ညီမဖြစ်သူ မ--------မှ မ------၏ ဓါတ်ပုံနှင့် Hmone Shwe အကောင့်တွင် ဗွီဒီယိုဖိုင်တွေ တင်ထားတာတွေ့ရတယ်ဟု ဖုန်းဆက်ပြောသဖြင့် တစ်ရွာတည်းနေ ညီညီ၏ ဖုန်းဖြင့် ရှာဖွေကြည့်ခဲ့ရာ ဇွန် ၈ ရက် ညက မ-----နှင့်အောင်မျိုးထွန်းတို့လင်မယားအဖြစ်ပေါင်းသင်းဆက်ဆံ နေထိုင်စဉ် အောင်မျိုးထွန်း ရိုက်ကူးထားသော ဗွီဒီယို ဖိုင်များ ဖြစ်ကြောင်းနှင့် အဆိုပါ HmoneShwe အကောင့်မှာ ခင်ပွန်းဖြစ်သ ူအောင်မျိုးထွန်း အသုံးပြုသော အကောင့်ဖြစ်ကြောင်း သိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ လင်မယားအဖြစ် ပေါင်းသင်းနေထိုင် ခဲ့သည်များကို ခွင့်ြ့ပုချက်မရှိဘဲ ဖုန်းဖြင့် ဗွီဒီယိုရိုက်၍ ဆက်သွယ်ရေး ကွန်ယက်ပေါ်သို့တင်ကာ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြုလုပ်သူ အောင်မျိုးထွန်းအား အရေးယူပေးပါရန် မ----မှ သြဂုတ် ၂၀ ရက်တွင်တရားလို ိုပြုတိုင်ကြားခဲ့သောကြောင့် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ) ၃၀၈ /၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ)ဖြင့်အမှုဖွင့်အရေးယူထါးကြောင်းသိရှိရသည်။

Credit: Myanmar Police 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။