မကြာခဏဆိုသလို ကြားတွေ့နေရတဲ့ ပြည်တွင်း ခိုး ဆိုး လု နှိုက် သတင်းတွေကတော့ ပရိသတ်တွေရဲ့ ပတ်ဝန်းကျင်မှုလည်း ရှိနေမယ်ထင်ပါတယ်။ ပြည်တွင်း နေရာအနှံ့အပြားမှာ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး လူတွေရဲ့ လောဘစိတ်တွေကြောင့် သေဆုံးမှုတွေပါ မကြာခဏဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်တွေထဲမှာ အိမ်တွင်း ဝင်ရောက်လုယက်မှုတွေကလည်း ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။  

မကြာသေးမီက ရွှေညောင်မြို့ ရတနာရပ်ကွက်တွင် အပျိုကြီးတစ်ယောက်အိမ်အား အနူကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ၂၆ရက်နေ့ ညကဖြစ်ပွားခဲ့တာဖြစ်ပြီး အမည်မသိလူငယ်နှစ်ဦးမှ ဓားထောက်လုယက်ခဲ့တာပဲဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး " ရွှေညောင်မြို့ရတနာရပ်ကွက် အပျိုကြီးတစ်ယောက်တည်းနေထိုင်သော အိမ်အားအမျိုးသားလူငယ်နှစ်ဦးလာရောက်လုယက်ခဲ့တာဖြစ်ကြောင်း " ရပ်ကွက်နေ ပြည်သူတစ်ဦးရဲ့ ပြောကြားချက်အရသိရှိရပါတယ်။  

အဆိုပါ လုယက်မှုကြောင့် ပိုက်ဆံနှင့်အတူ ပစ္စည်းအချို့ ပါသွားပြီး လူထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း သိရပါတယ်။ ညအချိန် အိမ်အတွင်း တစ်ဦးတစ်ယောက်တည်းနေထိုင်သူတွေ လက်တလောအမြဲကြားနေရတဲ့အဆိုပါလုယက်မှုတွေကို သတိပြုနေထိုင်နိုင်ရန်မျှဝေပေးလိုက်ပါတယ်။

Photos - Chilt Oo Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။